Tuesday, March 29, 2022

Ygn News

Ygn News


အပစ်ရပ်ရေးကို နောက်အစိုးရနဲ့ ဆွေးနွေးမယ်။

Posted: 04 Nov 2015 12:30 AM PST

အပစ်ရပ် လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့တို့ ၃ရက်ကြာ ဆွေးနွေးခဲ့ကြ တနိုင်ငံလုံး အပစ်ရပ် လက်မှတ် မထိုး ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ နိုဝင်ဘာလ ၃ရက်နေ့က ဆုံးဖြတ်လိုက်ကြပါတယ်။NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရ

သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်လိုက်ပြီဟုဆို

Posted: 04 Nov 2015 12:19 AM PST

ရန်ကုန်၊နိုဝင်ဘာ ၄မကြာသေးခင်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံထားရတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို ဒီနေ့မှာတော့ ပါတီကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ညကပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တွေသာ ပြုလုပ်တဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်သူတစ်ဦးက ပြောတာဖြစ်ပါတယ်။မကြာ

နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်း

Posted: 03 Nov 2015 04:41 PM PST

နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်းလျက် ရှိနေပါတယ် ရွေးကောက်ပွဲ မဲပေးခွင့် ရှိသူ တွေရဲ့ နောက်ဆုံး အတည်ပြု စာရင်းတွေကို စစ်ရာမှာ အမှား အယွင်းတွေ ဆက်လက် ရှိနေပါတယ်။ ပထမအကြိမ် မဲစာရင်းဟာ အိမ်ထောင်စု ဇယားကို အခြေခံ ထုတ်ပြန်တာဖြစ်ပြီး၊ ဒုတိယ အကြိမ်မှာတော့ အက္ခရာစဉ် အလိုက် ထုတ်ပြန်ခဲ့ပါတယ်။ အခုနောက်ဆုံး မဲစာရင်းမှာတော့ မဲရုံအလိုက် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ပုံစံ အပြောင်းအလဲကြောင့် မဲစာရင်း စစ်ရတာ အ

မြန်မာ့စီးပွားရေးကို ခရိုနီများက ဆက်လက် ချုပ်ကိုင်ဦးမည်

Posted: 03 Nov 2015 04:33 PM PST

လာမယ့်  ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်း လုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်း တစ်ရပ်က မနေ့က ဖော်ပြလိုက်ပါတယ်။မြန်မာ့စီးပွားရေးဟာ ကမ္ဘာမှာ စတုတ္ထမြောက် အမြန် တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့က ပြောနေပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ကျေနပ်လက်ခံနိုင်

အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူနှစ်ဦး စစ်ခွေးတိုက် ပို့ခံရ

Posted: 03 Nov 2015 04:31 PM PST

ရြန်ကုန်မြို့၊ အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ်Photo: RFA နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ်ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။သာယာဝတီထောင်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ၇ ယောက် အစာငတ်ခံတိုက်ပွဲဝင်နေတဲ့အတွက် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကို

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို

Posted: 21 Jan 2015 10:26 PM PST

 ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ''တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ေ

Redlink မသုံးသင့်တဲ့ အကြောင်းရင်းများ

Posted: 15 Sep 2014 09:48 AM PDT

မှတ်ချက် အရင်ဦးဆုံး ပြောချင်တာက သူများမကောင်းကြောင်း ပြောချင်လို့ ဒီ post ကို ရေးတာမဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ရေးခြင်းသာဖြစ်ပါတယ်။ ဒီ post ကို နည်းပညာနဲ့ ပတ်သတ်တဲ့ အကြံပေးချက် တစ်ချက်လို့လည်း ယူဆနိုင်ပါတယ်။ Myanmar နိုင်ငံရဲ့ လက်ရှိ အင်တာနက် အခြေအနေ အခုဆို ဖုန်းအင်တာနက်တွေ ရပြီးလို့ ဖုန်း company တွေလည်း အသစ်တွေ ရောက်နေပါပြီ။ အော်ရီဒူးကဒ် ထွက်ပြီးလို့ တယ်လီနောတောင် အခု စက်တင်ဘာလထဲ

ဘာကောင်စားမလဲ ကြိုက်တာပြော

Posted: 12 Aug 2014 11:14 PM PDT

ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင် အချို့၏   ညပိုင်းအ ချိန်များတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော စိနတိုင်း သား (တရုတ်)များဖြင့် စည်ကား လေ့ရှိတတ်ပြီး အထူးခန်းဟုခေါ် သော စားသောက်ဆိုင်အတွင်း ဘက်ရှိ အခန်းငယ်လေးများတွင် အထူးဟင်းလျာနံ့များနှင့် ထုံမွမ်း သင်းကြိုင်နေလေ့ရှိသည်။အထူးဟင်းလျာများကို ဆိုင် မီနူးစာအုပ်တွင် တွေ့ရမည်မ ဟုတ်ဘဲ ဆိုင်တွင် အမြဲစားသုံး သော စားသုံးသူ၏ ထောက်ခံချက် ဖြင့်သာ

သရဲခြောက်သောအိမ်ကြီးရှိအိမ်ရှင်အား အင်တာဗျုးသွားလုပ်သော သတင်းထောက် သရဲ၏ကုတ်ခြစ်ခံရဟုဆို

Posted: 12 Aug 2014 11:13 PM PDT

အမေရိကန်ပြည်ထောင်စု၊ပင်န်ဆိုင်ဗင်းနီးယား၊ဟန်နိုဗာမြို့က မာပဲလ်လမ်းသွယ်မှာရှိတဲ့ သရဲခြောက်တဲ့အိမ် တစ်အိမ်ကို အင်တာဗျူးသတင်းသွားယူတဲ့သတင်းထောက်ရဲ့လက်ကို အဲဒီအိမ်က သရဲက ကုတ်ခြစ်လိုက်တဲ့ အကြောင်း ဖောက်စ်၄၃ရုပ်သံလိုင်းကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာကရေးသားလိုက်ပါတယ်။ကင်မရာမင်း နစ်ခ်ပက်ထရီလိုဟာ ဒင်းနာနဲ့သွမ်ဆင်ဆွမ်တို့လင်မယားနေထိုင်တဲ့ အဲဒီအိမ်ကိုရောက်သွားပြီး သူတို့သရဲခြောက်ခံရပုံကိုမေးမြန်းမှတ်တ

အမျိုးသားတွေအနေနဲ့ ကိုယ့်ကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

Posted: 12 Aug 2014 11:13 PM PDT

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာ

AGD ဘဏ် အစုရှယ်ယာများကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ထုတ်ရောင်းမည်ဟု ဦးတေဇပြော

Posted: 12 Aug 2014 11:11 PM PDT

အာရှစိန်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ် လီမိတက် AGD ဘဏ် က ဘဏ်ရှယ်ယာများကို ၆၀ရာခိုင်နှုန်းထိ ထုတ်ရောင်းချသွား မည်ဟုAGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။လက်ရှိတွင် AGD ဘဏ်က ၎င်းတို့၏ ရှယ်ယာများထဲမှ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချပြီးဖြစ်ကြောင်း၎င်းက ပြောသည်။''ဥပဒေအရ ရှယ်ယာရောင်း ခွင့်ရတဲ့ ဘဏ်ဖြစ်ပါတယ်။ ရောင်း မယ်ဆိုလည်း ဗဟိုဘဏ်ကို တင် ပြီး တရားဝင်လုပ်မှာပါ။ ၆၀ ရာ ခိုင်နှုန်းတော့ ရောင်းမှာပဲ။

ဗိုက်ကြီးသည်များ မသုံးသင့်တဲ့ ဆပ်ပြာ

Posted: 12 Aug 2014 11:11 PM PDT

ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (AntibacterialSoap) သုံးခြင်းသည် သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာများကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ဘက်တီးရီးယားများကို သေစေနိုင်သည့် ဒြပ်ပေါင်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် သူများအတွက် စိုးရိမ် ဖွယ်ဖြစ်လာပြီး အမေရိကန်ဓာတုဗေဒအသင်းကလည်း ယင်းကိစ္စရပ်ကို ယခုကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြ

ပရိသတ်တွေနဲ့ မွေးနေ့ဖြတ်သန်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်

Posted: 11 Aug 2014 01:41 AM PDT

သြဂုတ် ၁၀ ရက်တွင် ကျရောက်ခဲ့သော ၀တ်မှုန်ရွှေရည် ၏ မွေးနေ့တွင် ၎င်း၏ ပရိသတ် များဖြစ်သည့် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့်အတူ အမျိုးသမီးလူမှုဖူလုံရေး ကျောင်း၌ တစ်ရက်စာ အာဟာရ နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မွေးနေ့ကို ပရိသတ် များနှင့် ဖြတ်သန်းခဲ့ရသောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ၎င်းကပြော သည်။''ဘ၀မှာ  မွေးနေ့ကို  ပရိ သတ်တွေနဲ့ ဖြတ်သန်းတာ ပထမ ဆုံးပဲ။ ကစ်အတွက် အမှတ်တရ ဖြစ်သလို ပျော်လ

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ

Posted: 11 Aug 2014 01:41 AM PDT

အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာအောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော် ရန်ဖြစ်သည်။အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘ၀ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြ

ကိုယ်ဝန်ဆောင်မိခင် နဲ့ အနေအထိုင်ဆိုင်ရာ

Posted: 11 Aug 2014 01:40 AM PDT

ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိ

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်

Posted: 11 Aug 2014 01:40 AM PDT

Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။"ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြ

ကွန်ပျူတာနှင့်မျက်စိ

Posted: 11 Aug 2014 01:40 AM PDT

အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက်

"Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်ထံ Color Change malware ပျံ့နှံ့နေ ဟု ဆို"

Posted: 09 Aug 2014 07:08 PM PDT

Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည် သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူေ

နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေစင်ကြွေးကျန် လုံးဝမရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တရားဝင်ငြင်းဆို

Posted: 09 Aug 2014 07:08 PM PDT

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်အား ပေးဆောင်ရန် အကြွေး မရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က Tomorrowသို့ တရားဝင် ပြောကြားလိုက်သည်။"ဒီအပေါ်မှာ ပြောချင်တာက အကြွေးပေးစရာ မကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်"ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က သြဂုတ်လ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။အ

မန္တလေး ပဋိပက္ခဖြစ်စေသည့် သတင်းကိုငွေပေးကာ ဖြန့်ခိုင်းသည်ဆိုသည့် သတင်းအပေါ် ဆရာတော် ဦးဝီရသူ ပြန်လည်ချေပ

Posted: 09 Aug 2014 07:07 PM PDT

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။သစ်ထူးလွင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဆရာတော် ဦးဝီသူရမှ သစ်ထူးလွင်အား နေဆန်းညီနောင်၊ မုဒိ

ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်

Posted: 09 Aug 2014 07:07 PM PDT

"ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား" လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏

ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော် – လက်စောင်းထက်

Posted: 09 Aug 2014 07:06 PM PDT

သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ အလိုလိုက်တဲ့ မိဘတွေဖြစ်တယ်။ မိဘတွေ အလိုလိုက်လေလေ သမီးတော်တွေက ဆိုးလေလေ ဖြစ်တယ်။ သမီးတော်တွေကလည်း တစ်ပါးနဲ့ တစ်ပါးက မတည့်ကြလေတော့ ဘယ်သွား

ဖုန်းယဉ်ကျေးမှု

Posted: 09 Aug 2014 07:04 PM PDT

ဆက်သွယ်ရေးဝန်ကြီးဌာန၏ အစီအမံကြောင့် မြန်မာပြည်သူများ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ အချိန်မရွေးနေရာတိုင်းတွင် တယ်လီဖုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေးကိစ္စများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ကြပါပြီ။ ယခုလက်ရှိ အနေအထားအရ မြန်မာ့ဆက်သွယ်ရေး ဖုန်းများသည်မည်သည့် နေရာကပြောနေသည်။ ပြောသူ၏ဥပဓိရုပ်ပုံသည် မည်သို့ရှိသည်ကို တိတိကျကျ ပုံဖော်နိုင်စွမ်းမရှိသေးပါ။ အသံဖြ

အားနည်းချက်များနှင့် အားသာချက်များ (Weaknesses and Strengths)

Posted: 07 Aug 2014 08:21 PM PDT

Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊စီးပွားရေးပေါ်လစီ)ကမ္ဘာ့နိုင်ငံအများစုတွင်မဆို အားနည်းချက် (Weaknesses)နှင့် အားသာချက် (Strengths) ရှိတတ်သည်။ထို့ကြောင့် "အားနည်းချက်များ" ကို နည်းသထက်နည်းရန်နှင့် "အားသာချက်များ" ကို များသထက်များစေရန် လုပ်ဆောင်ကြရသည်။ ဆိုလိုသည်မှာ အားနည်းချက်များ နည်းသည်ထက်နည်းလာလျှင်၊ အားသာချက်များ များသည်ထက်များလာလျှင် ယင်းနိုင်ငံသည် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ (

ရုန်းထွက်ဖို့ခက်တဲ့ အိုပါးတို့ရဲ့လှိုင်းဂယက်

Posted: 07 Aug 2014 08:18 PM PDT

မိုးရေစက်များက စီတန်းနေသော ရောင်စုံထီးများဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကျရောက်နေသည်။ထီးရောင်စုံများအောက်တွင်တော့ တောင်ကိုရီးယားဂီတဗီဒီယိုများတွင် မြင်တွေ့ရလေ့ရှိသော ဖက်ရှင်ခပ်လန်းလန်းများ ဝတ်ဆင်ထားသည့် လူငယ်များက ဖျော်ဖြေရေးစင်မြင့်ရှိရာ ဝင်ပေါက်သို့ တိုးဝှေ့ဝင်ရောက်နေကြသည်။၎င်းတို့လက်ထဲတွင် နာရီပိုင်းအတွင်း စတင်တော့မည့် ကေပေါ့ပ်ဖျော်ဖြေပွဲလက်မှတ်များကိုလည်း အဆင်သင့်ကိုင်ဆောင်ထားကြသည်။လွန်ခဲ့သ