Friday, August 21, 2020

Daily Stories from The Irrawaddy 2020/8/21

 

EMAIL NEWSLETTER
OUR TOP DAILY STORIES
ဦးဌေးအောင်ကို ဖမ်းပြီး အင်းစိန်ထောင်ပို့

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တနေ့တခြား များပြားလာသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စစ်တွေမြို့ နယ်အတွင်း ပြည်သူများအနေဖြင့် Stay at Home နေထိုင်ရန် ကန့်သတ်ထားပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ပိုးတွေ့ လူနာများ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းများကို လော့ဒေါင်း ချထားသည်။

ပုသိမ်မြို့လယ်က လောင်းကစားဝိုင်းကို ရဲဝင်ဖမ်း၊ ၃၃ ဦး ဖမ်းဆီးခံရ

အဲဒီလောင်းကစားဝိုင်းမှာ တပ်ဖွဲ့ဝင် တဦးကို အရပ်ဝတ်နဲ့တွေ့ရလို့ ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူက လောင်းကစားသူ ၃၃ ဦးထဲမှာ မပါပါဘူး။ စစ်ဆေး ပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ

ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ

၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၄ ကြိမ်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် အဆုံးသတ်သည့် စတုတ္ထအစည်းဝေးသည် NLD အစိုးရလက်ထက် နောက်ဆုံး ညီလာခံလည်းဖြစ်သည်။

မျိုးဗီဇပြောင်း ဗိုင်းရပ်က ကိုဗစ်ဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်ပါတယ်

လတ်တလောတွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကူးစက်မြန် ဗိုင်းရပ်နဲ့ ပတ်သက်ပြီး သုတေသန တွေ့ရှိချက်တွေ၊ ကူး စက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ချေတွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်းက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီး ဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်

 

No comments:

Post a Comment