Monday, May 31, 2021

Daily Stories from The Irrawaddy 2021/5/31

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

သတင်းအမှန်များကို ရေးသားပေးပို့နေသော ဧရာဝတီသတင်းဌာနကို ကူညီပါ

ကျနော်တို့နိုင်ငံဟာ အရေးပေါ်ကာလကို ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။ တိကျခိုင်လုံတဲ့ သတင်းနဲ့ ပိုင်းခြားသုံးသပ်ချက်တွေဟာ ဒီအချိန်လောက် ဘယ်တော့မှ အရေးမကြီးနိုင်တော့ပါဘူး။ စိန်ခေါ်မှုတွေ ကြီးမားပေမယ့် ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်တို့ကို ကာကွယ် မြှင့်တင်ဖို့ ကျနော်တို့ရဲ့ သန္နိဌာန်က မယိုင်မလဲ ခိုင်မာနေဆဲပါ။

သဲအိတ်နှင့် သံဇကာများ နောက်ကွယ်ရောက် စစ်ကောင်စီတပ်များ

မြန်မာလုံခြံရေးတပ်များအတွက် မလုံခြုံမှု ရနံ့များက လေထဲ၌ လွင့်ပျံ့နေသည်။

"ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်"

ပြည်သူ့အမုန်းဟာ အနုမြူဗုံးထက် ကြောက်စရာကောင်းတယ်ဆိုတာ သူတို့ မကြာခင် သဘောပေါက်ပါလိမ့်မယ်"လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

လူရွှင်တော် ငြိမ်းချမ်းကို တပ်ကြပ်ကြီးလို့ ပြောနေကြတဲ့အပေါ် ပြန်ဖြေရှင်း

"ရှုမဝက အငြိမ့်ကနေစပြီး အောင်မြင်မှုတွေ စခဲ့ကြတယ်ဆိုတာတော့ အမှန်တရားတခု၊ တပ်ကြပ်ကြီးတဦးဆိုတာ လုံးဝ အမှားပါ။



"နောင်တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီ"

ကျနော်တို့အားလုံး လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ အားမာန် အပြည့်နဲ့ အရောက်သွားကြမှာပါဗျ။ အရေးတော်ပုံ မုချ အောင်ရမည်"လို့ ကိုဝေယံအောင်က ပြောပါတယ်။



စစ်ကောင်စီအောက်တွင် "ကာကီရောင် စီးပွားရေး" ထွန်းကားမည်

ကာကီရောင်စီးပွားရေးသည် အာရှတွင် မရှားလှဘဲ ထိုင်းနှင့် အင်ဒိုနီးရှားတွင်ကဲ့သို့ စစ်တပ်နှင့် ပြည်တွင်းငွေရှင်ကြေးရှင်များ အဆင်ပြေသလို ပေါင်းစည်းကြခြင်းသာဖြစ်သည်။



ကွတ်ခိုင်ရှိ စစ်တပ်စခန်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဝင်တိုက်

ကိုးကန့်သတင်းဌာနက နမ့်ဖတ်ကာတိုက်ပွဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က သေနတ်အရှည် ၅ လက် အပါအဝင် လက်နက်ခဲယမ်း ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းမိကြောင်း ဓါတ်ပုံနှင့်တကွ သတင်းရေးသား ဖော်ပြထား သည်။

ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့

ပလက်ဝမြို့ တဖက်ကမ်းကိုကူးတဲ့ ကူးတို့လှေကိုတောင် ပိတ်ထားတာဆိုတော့ မြို့ပေါ်ဆိုင်တွေမှာ ကုန် ပစ္စည်းတွေ အဆမတန် ဈေးတက်။ ငွေရှားပါးတဲ့အချိန် ကြက်ဥ ၁၀၀၀ ဖိုး ၃ လုံးနဲ့ ဝယ်စားနေရတယ်။ ဆန်၊ ဆီ၊ ဆား အကုန်တက်တယ်။ နောက်ဆို ရိက္ခာဝယ်လို့တောင်ရမှာ မဟုတ်တော့ဘူး
Categories – Military/ Ethnics



စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ

စစ်အာဏာသိမ်း ကာလအတွင်း ဘဏ္ဍာငွေရှာဖွေရေးအနေဖြင့် မြန်မာ့သစ်လုပ်ငန်းမှ သစ်လေလံပွဲများ ရောင်းချ လျှက်ရှိရာတွင် စိတ်ဝင်စားမှုနည်းပါးခြင်းနှင့် ဈေးကွက်အေးမှုများကြောင့် လေလံဈေးနှိမ် ရောင်းချရသည့် ပုံစံဖြစ် နေကြောင်း သစ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။

ကသာ PDF ကို အာဏာသိမ်းတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကသာ PDF တပ်ဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီး ဌာနမှ လက်နက် ခဲယမ်း အထောက်အပံ့ ရရှိထားခြင်း မရှိဘဲ ဒေသတွင်း အသုံးပြုသည့် လက်လုပ်သေ နတ်များ၊ တူမီးသေနတ်များ၊ တိုက်ခိုက်ရေး ရိုင်ဖယ်အဟောင်းများကိုသာ ကိုင်တွယ် တိုက်ခိုက်နေသ ဖြင့် လက်နက်ခဲယမ်း လိုအပ်ချက် ရှိ

 

Monday, May 10, 2021

Daily Stories from The Irrawaddy 2021/5/10

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

ဖားကန့်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးခံရ

ဧရာဝတီက ဖားကန့်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ခြင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်း ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံနေသူများကိုသာ ဖမ်းဆီးခြင်းဖြစ်ပြီး ပြစ်မှု မကျူးလွန်ထားသူများကို ဖမ်းဆီးခြင်း မရှိပါဟု တုန့်ပြန်ပြောဆိုသည်။

စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ

အာဏာသိမ်းမှု ကျရှုံးရန် ကံကြမ္မာ ပါလာခဲ့သည်။ ယနေ့ တိုင်းပြည်ကို စစ်တပ်က မထိန်းချုပ်နိုင်ကြောင်း အကြီးတန်းခေါင်းဆောင်များ နားမလည်သောကြောင့် ကျရှုံးရပါလိမ့်မည်။ အာဏာသိမ်းမှုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနိုင်ဝန်ကို လုံးလုံးလျားလျား ထမ်းပိုးလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းမှုသည် ဒီမိုကရေစီသို့ ဦးတည်သော (ချောမွေ့မှု မရှိသော်လည်း) တိုးတက်မှုကို သာမက အကောင်အထည်ဖော်ဆဲဖြစ်သည့် (ကျိုးပဲ့လွယ်သော) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပြောင်းပြန်လန်သွားစေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယခင် စစ်အစိုးရ အတွင်းမှ လူအများအပြား၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ အတွင်းတွင် အဓိက ပထဝီနိုင်ငံရေး အကျိုးစီးပွား ရှိသည့် ဒေသတွင်း အင်အားကြီး ပလေယာများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

အလွန်ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော အရပ်သား ဆန္ဒပြပွဲများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရက်စက်သော အကြမ်းဖက်မှုများ…

ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးတော့မည်

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် လူချင်းတွေ့ဆုံခွင့် ထပ်မံ တောင်းဆိုခဲ့ပြီး ရှေ့နေများကလည်း ရုံးတော်သို့ တင်ပြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကမူ ထိုသို့ တွေ့ဆုံခွင့်ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေသည်ဟု

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာမည် ဟု KNU ဥက္ကဋ္ဌ ထုတ်ပြန်

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသွားမည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက မေလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ပြီး ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတခုဖြစ်နေပြီး ယင်းအခြေအနေတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြသည်အား ဝမ်းနည်းဖွယ် တွေ့မြင်နေရ ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ဆိုသည်။

KNU အနေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင် အတိုင်း လိုက်နာ ကျင့်သုံးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေနှင့်လည်း NCA မူဘောင် များအတိုင်း…

အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ

အကြမ်းဖက်မှုများ ချက်ခြင်းရပ်သင့်ပြီ၊ ဘက်ပေါင်းစုံ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်သည့် အာဆီယံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့သော သူ၏ စစ်တပ်နှင့် ရဲကမူ လက်နက်မဲ့အရပ်သားများကို ဆက်လက် သတ်ဖြတ်နေရာ ယနေ့ဆိုလျှင် သေဆုံးသူ စုစုပေါင်း ၇၈၀ ရှိပြီဖြစ်သည်။

ထင်ရှားသည့် သတ်ဖြတ်မှုမှာ မေလ ၈ရက်နေ့ညက စစ်တပ် ဖမ်းကာ ရွှေဘိုသို့ ခေါ်ဆောင်ခြင်းခံရသည့် မုံရွာခရိုင် ပုလဲမြို့နယ်မှ ကဗျာဆရာ ခက်သီ(အမည်ရင်း- ဦးဇော်ထွန်း)မှာ နောက်တနေ့တွင် သေဆုံးခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းများကို စောင့်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းများအရ မေလ ၂ရက်အထိ စစ်တပ်နှင့်ရဲမှ သတ်ဖြတ်ခဲ့သူ…

ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်း နှင့်ပြည်နယ် အချို့တို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီးထား ကြောင်း မသန်စွမ်း အဖွဲ့အစည်းများထံက သိရသည်။

ယမန်နေ့ကပင် မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းနှင့် အတူ နေ့စဉ်လိုက်ပါ ဆန္ဒပြနေသည့် ကိုစိုင်း (Wheel Chair) ကို စစ်ကောင်စီတပ်များက အရပ်ဝတ်၊ အိမ်စီးကားဖြင့် ဝင်ဖမ်းသွားသည်။

စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများကို ဖမ်းဆီး ချုပ်နှောင်ခြင်းများပြုလုပ်ပါက မသန်စွမ်းသူများ ၏ လိုအပ်ချက်များ၊ အခွင့်အရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်ကို ယမန်နေ့ (မေ ၉ ရက်) ညနေပိုင်းက ရန်ကုန်မြို့၊ လှည်းတန်းရှိ ၎င်းနေထိုင်ရာ တိုက်ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များ က ပြောသည်။

မိသားစုဝင်တဦးက "မိုးဆန်းစုကြည် အဖမ်းခံရတာ ဟုတ်ပါတယ်။ မနေ့ည ၉ နာရီလောက်က လှည်းတန်းမှာ လိပ်စာ အတိအကျနဲ့ကို လာဖမ်းသွားတာ" ဟု ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှ NLD ပါတီဝင်များကလည်း ဝန်ကြီးချုပ်ဟောင်း ဦညီပု၏ သမီး မမိုးဆန်းစုကြည်သည် ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည်ဟူသော သတင်းများ ကြားသိရသော်လည်း ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မသိရှိသလို ၎င်းအား မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း…

ပဲခူးမြို့ ရှစ်လေးလုံး အထိမ်းအမှတ်ကျောက်တိုင် စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်

ပဲခူးမြို့ ၊ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံတွင် စိုက်ထူထားသော ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကို စစ်ကောင်စီတပ်များက မေ ၉ ရက် ညပိုင်းတွင် အင်အားသုံးပြီး ဖြိုဖျက်လိုက်ကြောင်း ပဲခူးမြို့ဒေသခံများက ပြောသည်။

ဒေသခံတဦးက "ည ၈ နာရီကျော်ကျော်လောက်မှာ စဖြိုတာ။ ကျောက်တွေ ဘာတွေ ထိုးခွဲတဲ့ဟာ၊ မြေကြီးတို့ အင်္ဂတေ တို့ကို ထိုးခွဲတဲ့ဟာတွေနဲ့ တပ်ကပဲ ဖြိုသွားတာ။ ညကစဖြိုတာ တညလုံးပဲ။ ပြောရမယ်ဆိုရင် ဒီမိုကရေစီ အထိမ်းအမှတ် သင်္ကေတ တခုကို မြေလှန်ပစ်လိုက်တာပဲ" ဟု ဧရာဝတီကို ပြောသည်။

စစ်တပ်သည် စည်ပင်ပိုင်ပန်းခြံအတွင်းရှိ အင်္ဂတေဖြင့် တည်ဆောက်ထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်…