Monday, May 10, 2021

Daily Stories from The Irrawaddy 2021/5/10

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

ဖားကန့်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးခံရ

ဧရာဝတီက ဖားကန့်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ခြင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်း ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံနေသူများကိုသာ ဖမ်းဆီးခြင်းဖြစ်ပြီး ပြစ်မှု မကျူးလွန်ထားသူများကို ဖမ်းဆီးခြင်း မရှိပါဟု တုန့်ပြန်ပြောဆိုသည်။

စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ

အာဏာသိမ်းမှု ကျရှုံးရန် ကံကြမ္မာ ပါလာခဲ့သည်။ ယနေ့ တိုင်းပြည်ကို စစ်တပ်က မထိန်းချုပ်နိုင်ကြောင်း အကြီးတန်းခေါင်းဆောင်များ နားမလည်သောကြောင့် ကျရှုံးရပါလိမ့်မည်။ အာဏာသိမ်းမှုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနိုင်ဝန်ကို လုံးလုံးလျားလျား ထမ်းပိုးလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းမှုသည် ဒီမိုကရေစီသို့ ဦးတည်သော (ချောမွေ့မှု မရှိသော်လည်း) တိုးတက်မှုကို သာမက အကောင်အထည်ဖော်ဆဲဖြစ်သည့် (ကျိုးပဲ့လွယ်သော) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပြောင်းပြန်လန်သွားစေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယခင် စစ်အစိုးရ အတွင်းမှ လူအများအပြား၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ အတွင်းတွင် အဓိက ပထဝီနိုင်ငံရေး အကျိုးစီးပွား ရှိသည့် ဒေသတွင်း အင်အားကြီး ပလေယာများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

အလွန်ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော အရပ်သား ဆန္ဒပြပွဲများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရက်စက်သော အကြမ်းဖက်မှုများ…

ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးတော့မည်

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် လူချင်းတွေ့ဆုံခွင့် ထပ်မံ တောင်းဆိုခဲ့ပြီး ရှေ့နေများကလည်း ရုံးတော်သို့ တင်ပြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကမူ ထိုသို့ တွေ့ဆုံခွင့်ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေသည်ဟု

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာမည် ဟု KNU ဥက္ကဋ္ဌ ထုတ်ပြန်

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသွားမည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက မေလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ပြီး ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတခုဖြစ်နေပြီး ယင်းအခြေအနေတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြသည်အား ဝမ်းနည်းဖွယ် တွေ့မြင်နေရ ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ဆိုသည်။

KNU အနေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင် အတိုင်း လိုက်နာ ကျင့်သုံးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေနှင့်လည်း NCA မူဘောင် များအတိုင်း…

အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ

အကြမ်းဖက်မှုများ ချက်ခြင်းရပ်သင့်ပြီ၊ ဘက်ပေါင်းစုံ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်သည့် အာဆီယံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့သော သူ၏ စစ်တပ်နှင့် ရဲကမူ လက်နက်မဲ့အရပ်သားများကို ဆက်လက် သတ်ဖြတ်နေရာ ယနေ့ဆိုလျှင် သေဆုံးသူ စုစုပေါင်း ၇၈၀ ရှိပြီဖြစ်သည်။

ထင်ရှားသည့် သတ်ဖြတ်မှုမှာ မေလ ၈ရက်နေ့ညက စစ်တပ် ဖမ်းကာ ရွှေဘိုသို့ ခေါ်ဆောင်ခြင်းခံရသည့် မုံရွာခရိုင် ပုလဲမြို့နယ်မှ ကဗျာဆရာ ခက်သီ(အမည်ရင်း- ဦးဇော်ထွန်း)မှာ နောက်တနေ့တွင် သေဆုံးခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းများကို စောင့်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းများအရ မေလ ၂ရက်အထိ စစ်တပ်နှင့်ရဲမှ သတ်ဖြတ်ခဲ့သူ…

ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်း နှင့်ပြည်နယ် အချို့တို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီးထား ကြောင်း မသန်စွမ်း အဖွဲ့အစည်းများထံက သိရသည်။

ယမန်နေ့ကပင် မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းနှင့် အတူ နေ့စဉ်လိုက်ပါ ဆန္ဒပြနေသည့် ကိုစိုင်း (Wheel Chair) ကို စစ်ကောင်စီတပ်များက အရပ်ဝတ်၊ အိမ်စီးကားဖြင့် ဝင်ဖမ်းသွားသည်။

စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများကို ဖမ်းဆီး ချုပ်နှောင်ခြင်းများပြုလုပ်ပါက မသန်စွမ်းသူများ ၏ လိုအပ်ချက်များ၊ အခွင့်အရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်ကို ယမန်နေ့ (မေ ၉ ရက်) ညနေပိုင်းက ရန်ကုန်မြို့၊ လှည်းတန်းရှိ ၎င်းနေထိုင်ရာ တိုက်ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များ က ပြောသည်။

မိသားစုဝင်တဦးက "မိုးဆန်းစုကြည် အဖမ်းခံရတာ ဟုတ်ပါတယ်။ မနေ့ည ၉ နာရီလောက်က လှည်းတန်းမှာ လိပ်စာ အတိအကျနဲ့ကို လာဖမ်းသွားတာ" ဟု ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှ NLD ပါတီဝင်များကလည်း ဝန်ကြီးချုပ်ဟောင်း ဦညီပု၏ သမီး မမိုးဆန်းစုကြည်သည် ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည်ဟူသော သတင်းများ ကြားသိရသော်လည်း ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မသိရှိသလို ၎င်းအား မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း…

ပဲခူးမြို့ ရှစ်လေးလုံး အထိမ်းအမှတ်ကျောက်တိုင် စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်

ပဲခူးမြို့ ၊ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံတွင် စိုက်ထူထားသော ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကို စစ်ကောင်စီတပ်များက မေ ၉ ရက် ညပိုင်းတွင် အင်အားသုံးပြီး ဖြိုဖျက်လိုက်ကြောင်း ပဲခူးမြို့ဒေသခံများက ပြောသည်။

ဒေသခံတဦးက "ည ၈ နာရီကျော်ကျော်လောက်မှာ စဖြိုတာ။ ကျောက်တွေ ဘာတွေ ထိုးခွဲတဲ့ဟာ၊ မြေကြီးတို့ အင်္ဂတေ တို့ကို ထိုးခွဲတဲ့ဟာတွေနဲ့ တပ်ကပဲ ဖြိုသွားတာ။ ညကစဖြိုတာ တညလုံးပဲ။ ပြောရမယ်ဆိုရင် ဒီမိုကရေစီ အထိမ်းအမှတ် သင်္ကေတ တခုကို မြေလှန်ပစ်လိုက်တာပဲ" ဟု ဧရာဝတီကို ပြောသည်။

စစ်တပ်သည် စည်ပင်ပိုင်ပန်းခြံအတွင်းရှိ အင်္ဂတေဖြင့် တည်ဆောက်ထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်…

 

No comments:

Post a Comment