Friday, October 22, 2021

Daily Stories from The Irrawaddy 2021/10/22

 

EMAIL NEWSLETTER
OUR TOP DAILY STORIES
အဓိကရေလမ်းကြောင်း စစ်တပ်ပိတ်သဖြင့် ပလက်၀ဒေသခံများ အခက်ကြုံ

ရေလမ်းခရီးကို စစ်တပ် စစ်ဆေးရေး ဂိတ်တွေက ပိတ်ထားတယ် ဆိုပေမယ့် သူတို့နဲ့ ရင်းနှီးတဲ့ စက်လှေသမားတွေကိုတော့ တိတ်တဆိတ် ခွင့်ပြုချက် ပေးထားတယ်။ သူတို့ဆို ရိက္ခာ အ နည်းအကျဉ်း သယ်လို့ရတယ်။ မျှောစာတင်ရင်လည်း အဲဒီ စက်လှေသမားတွေနဲ့ စာတင်မှ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက် ရရင်လည်း အဲဒီစက်လှေကို ဈေးကြီးပေးငှားမှ သွားခွင့်ရတာ

ဒေါ်အောင်ဆန်းစုကြည်အမှု စာအုပ်ကြည့်ဖတ် ထွက်ဆိုခြင်း မလုပ်ဖို့ တရားလိုကို တားမြစ်

ယခုကဲ့သို့ ဆုံးဖြတ်ချက်ကြောင့် တရားလိုသက်သေဖြစ်သူ ဦးရဲထက်၏ ထွက်ဆိုပြီးသည့် ထွက်ဆိုချက်များ တစုံတရား ပြောင်းလဲမှုရှိမည်မဟုတ်သော်လည်း ဆက်လက်စစ်ဆေးရာတွင် ၎င်းအနေဖြင့် စာအုပ်ကြည့်ထွက်ဆိုနေခြင်း ရပ်တန့်ကာ ပုံမှန်အတိုင်း အလွတ်ထွက်ဆိုခဲ့ကြောင်း သိရသည်။

၂၀၂၂ တွင် မြန်မာ့စီးပွားရေး အနုတ်လက္ခဏာထိ ကျဆင်းသွားနိုင်ဟု IMF ဆို

ကမ္ဘာ့ဘဏ်၊ IMF နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များ၏ စီးပွားရေး မျှော်မှန်းချက်များတွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ကောင်စီ လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန် ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

လွတ်မိန့်ပါသူ နိုင်/ကျဉ်း ၁၁၀ ဦး ပြန်လည်ဖမ်းဆီးခံရဟု AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီအမိန့်ဖြင့် လွတ်မြောက်လာသူများထဲမှ နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။

လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား

စီမံကိန်းများ ရှေ့မဆက်နိုင်သောကြောင့် လျှပ်စစ်မီးထုတ်လုပ်မှု ရည်မှန်းချက် လျော့ကျလာသည့် အခြေအနေရှိလာပြီ

မြန်မာအကျပ်အတည်း ကိုင်တွယ်ရေး အမေရိကန် တဆင့်တက်တော့မည်

မြန်မာနိုင်ငံအတွင်းတွင် တိုးတက်မှုကင်းမဲ့ကာ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလေးက ပြောသည်။

 

No comments:

Post a Comment