ဧရာဝတီက နွေးထွေးပျူငှာစွာ နှုတ်ခွန်းဆက်ပါတယ်။ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ | | ချစ်ခင်လေးစားအပ်တဲ့ မိတ်ဆွေများခင်ဗျား။
ဧရာဝတီက နွေးထွေးပျူငှာစွာ နှုတ်ခွန်းဆက်ပါတယ်။
ဒီစာကို ကောင်းမွန်စွာ လက်ခံရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။
ဒီစာဟာ လွတ်လပ်တဲ့ သတင်းစာပညာနဲ့ ကျနော်တို့ကို ၃၁ နှစ်ကြာ တာဝန်ထမ်းဆောင်စေတဲ့အပြင် ဒီလုပ်ငန်းနဲ့ဆက်လက်ပြီးလည်း အကျိုးသက်ရောက်ဖြစ်ပေါ်စေရေး မိတ်ဆွေတို့ရဲ့ ပံ့ပိုးကူညီမှုတွေကို ရှာဖွေဖို့ ပို့သတဲ့ ကျနော်တို့ရဲ့ နှစ်လည် သတင်းစကားလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရေကြီးတာ၊ တရုတ်နဲ့ ထိုင်းနယ်စပ်က အွန်လိုင်း လိမ်လည်မှုစင်တာတွေ၊ ချမ်းသာတဲ့ ခရိုနီတွေနဲ့ တခြား မရိုးမသား စီးပွားရှာစားသူတွေ၊ ပြည်တွင်း အိုးအိမ်မဲ့ အရပ်သားတွေနဲ့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ၊ မြန်မာနိုင်ငံမှာ နေ့စဉ်ဘဝတွေဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ကျနော်တို့ရဲ့ နေ့စဉ် အာရုံစိုက်စရာ ဖြစ်နေပါတယ်။
ခဏတဖြုတ်ပဲ အနားယူပြီး ဘဝကို ပုံ အလုပ်လုပ်တဲ့ ကျနော်တို့ရဲ့ အယ်ဒီတာတွေဟာ ဘယ်တော့မှ စောဒက မတက်ကြပါဘူး။ ရံဖန်ရံခါ သိမ်သိမ်မွေ့မွေ့ ညည်းတတ်တဲ့ စနေရော တနင်္ဂနွေရော "မနက် ၈ နာရီက ည ၁၀ နာရီထိ အလုပ်လုပ်နေရတယ်" ဆိုတဲ့ သတိပေးပြောဆိုတာကိုတောင် နောက်တန်းပို့ပစ်တတ်ကြတယ်။
ကျနော်တို့ရဲ့ ကြံ့ခိုင်ပြီး ကတိသစ္စာပြုထားသော အဖွဲ့မှာ ဝန်ထမ်း ၆၂ ဦးနဲ့ စီတီဇင်ဂျာနယ်လစ် CJ ၈ ဦး ပါဝင်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ပြည်တွင်းပြည်ပမှာရှိတဲ့ ကျနော်တို့ပရိဿတ်ကို မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့ အလုပ်ကြိုးစားပမ်းစား လုပ်ခဲ့ကြပါတယ်။ ကျနော်တို့ဟာ မြန်မာပြည်က ဖြစ်ရပ်တွေအပေါ် အယုံကြည်ရဆုံးနဲ့ အတွေးအမြင်တွေကို ဦးစီးဦးဆောင်လုပ်နေတဲ့ သတင်းဌာနတွေထဲက တခုအဖြစ် ဆက်လက်ထိန်းသိမ်းထားပါတယ်။ ထင်မြင်ယူဆချက်တွေကို ပုံဖော်ပြီး အကျိုးသက်ရောက်မှု ရှိစေမယ့် ထိုးထွင်းတဲ့ ဆွေးနွေးမှုတွေနဲ့ နက်ရှိုင်းပြီး ဘက်မလိုက်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို စဉ်ဆက်မပြတ် ပေးပို့နေပါတယ်။
ပြည်တွင်းက ဧရာဝတီ အဖွဲ့ဝင်တွေနဲ့ CJ တွေဟာ လုံခြုံရေး အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ပဋိပက္ခဇုန်တွေအပါအဝင် မြေပြင်က သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံတွေကို သဲသဲမဲမဲ လိုက်လံရယူကြရပါတယ်။ ၆ လအတွင်း ကျနော်တို့သတင်းခန်းဟာ လစဉ် သတင်း ဆောင်းပါး အနည်းဆုံး ၁၀၀၊ ဗီဒီယိုစတိုရီ အနည်းဆုံး ၆၀၊ မြန်မာနဲ့ အင်္ဂလိပ်ဘာသာနဲ့ ပေါ့ဒ်ကပ်စ် အနည်းဆုံး ၈ ခုတို့ကို ထုတ်လုပ်ခဲ့ပါတယ်။ ကျနော်တို့ဟာ ထိရောက်ပြီး နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ရေးသားတဲ့ စုံစမ်းထောက်လှမ်းမှု အစီရင်ခံစာ ၃ စောင်ကိုလည်း ထုတ်ဝေခဲ့ပါတယ်။
ကျနော်တို့ရဲ့ Facebook စာမျက်နှာကို ပိတ်ပင်ထားတာ၊ မကြာသေးမီက Facebook အသုံးပြုမှု နှေးကွေးစေဖို့ စစ်ကောင်စီက ရည်ရွယ်ပြီး VPN တွေကို ပိတ်ပင်တာတွေကြောင့် မြန်မာပြည်တွင်းက ပရိသတ်တွေဆီ ဧရာဝတီရဲ့ တင်ပြချက်တွေ ရောက်ရှိရေး စိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နေရပေမယ့် ကျနော်တို့ ပရိဿတ်တွေဟာ အခြားပလက်ဖောင်းတွေ အထူးသဖြင့် YouTube ကတဆင့် သတင်းတွေကို လိုက်လံကြည့်ရှုဖို့ နည်းလမ်းရှာနိုင်ကြပါတယ်။ ဧရာဝတီရဲ့ YouTube ချန်နယ်မှာ စာရင်းသွင်းသူ အရေအတွက် ၃၆ ရာခိုင်နှုန်းတိုးလာပြီး လစဉ် ကြည့်ရှုမှု အရေအတွက်ကလည်း တလကို ၁၁ သန်းရှိပါတယ်။ ဇွန်လမှာ အများဆုံးဖြစ်ပြီး ကြည့်ရှုမှု ၁၇ သန်းကျော် ရှိပါတယ်။
အခုအခါ မေးခွန်းထုတ်စရာ ဖြစ်လာတာက ရုန်းကန်နေရပြီး လွတ်လပ်အမှီအခိုကင်းတဲ့ အဝေးရောက် မြန်မာသတင်းဌာနတွေဟာ ရေရှည်မှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြမလားဆိုတာပါ။ သူတို့ဆက်လက်ရုန်းကန်နိုင်ကြမလား။ ရိုးရိုးသားသား ပြောရရင် ကျနော်တို့ တကယ် မသိပါဘူး။
ယူကရိန်းစစ်ပွဲနဲ့ ဂါဇာက ပဋိပက္ခတို့က နိုင်ငံတကာ သတင်းစာ မျက်နှာဖုံးတွေပေါ် နေရာယူနေကြသလို မကြာမီ ကျင်းပတော့မယ့် အမေရိကန် ရွေးကောက်ပွဲ အကြောင်းကလည်း ထည့်ပြောဖို့တောင် မလိုပါဘူး။ သူတို့နဲ့ ယှဉ်ရင် မြန်မာပြဿနာက နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှု အတန်အသင့်သာ ရတာဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်တို့ဟာ ကျနော်တို့ အလုပ်နဲ့ ပရိဿတ်တွေအပေါ် ထားတဲ့ ကျနော်တို့ရဲ့ သန္နိဌာန်ကို အထူးသဖြင့် ပြည်တွင်းက လက်ရှိအခြေအနေမှာ လက်မြှောက် အရှုံးပေးပြီး စွန့်ပစ်လိုက်မှာ မဟုတ်ပါဘူး။
ကျနော်တို့လုပ်ငန်းကို ဆက်လက်လည်ပတ်ဖို့၊ ဘဝကို မြှုပ်နှံလုပ်ကိုင်နေတဲ့ ကျနော်တို့ဝန်ထမ်းတွေကို ဆက်ထိန်းထားနိုင်ဖို့၊ ကျနော်တို့ပရိဿတ်တွေ သတင်းနဲ့ ဗဟုသုတတွေ ဆက်ပြီး ကြွယ်ဝစေဖို့ မိတ်ဆွေတို့ရဲ့ အကူအညီ လိုအပ်ပါတယ်။
မိတ်ဆွေတို့ရဲ့ သဒ္ဓါတရားဟာ ဧရာဝတီရဲ့ သတင်းတွေ ဆက်လက် စီးဆင်းနိုင်ရေး အရေးပါပြီး မိတ်ဆွေတို့ရဲ့ ကူညီထောက်ပံ့မှုဟာ ကျနော်တို့အတွက် ကျေးဇူးကြီးပါတယ်။
အတိုင်းအတာ ပမာဏ နည်းနည်း များများ မိတ်ဆွေတို့ရဲ့ အလှူငွေတိုင်းဟာ တသီးတသန့် ကွဲပြားခြားနားစေပါတယ်။ မိတ်ဆွေတို့ရဲ့ ထည့်ဝင်မှုဟာ ဧရာဝတီရဲ့ ထိရောက်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။
မိတ်ဆွေတိုင်းရဲ့ သဒ္ဓါတရားနဲ့ ထောက်ခံမှုအတွက် ကြိုတင်ကျေးဇူးတင်လိုပါတယ်။ ကျနော်တို့အလုပ်တွေ အတူတကွ ဆက်လက်လုပ်ကိုင်သွားဖို့ မျှော်လင့်ပါတယ်။
သင်တို့ရဲ့ ရိုးသားတည်ကြည်သော ဧရာဝတီသတင်းဌာန
| | | |
No comments:
Post a Comment