Sunday, September 13, 2026

ဧရာဝတီ နေ့စဉ်သတင်း 09/14/2026

ဧရာဝတီ နေ့စဉ်သတင်း — နေပြည်တော်က အက်ကြောင်းများ
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Monday, September 14, 2026

 

ဧရာဝတီ

နေပြည်တော်က အက်ကြောင်းများ

နေပြည်တော်မှာ အက်ကြောင်းထင်နေပြီလား မသိနိုင်သော်လည်း နိုင်ငံကတော့ အဖက်ဖက်က အက်ကြောင်းထင်နေပြီဖြစ်သည်။ တဦးတည်းအာဏာရှင်စနစ်အောက်မှာ အတုအယောင် ရွေးကောက်ပွဲက ဖြစ်ပေါ်လာသည့် အတုအယောင်လွှတ်တော်ကလည်း အာဏာရှင်သမ္မတ လုပ်သမျှ လက်ပိုက်ကြည့်နေရသည်။ ဘာ (check and balance) မှ မရှိ။ ဘာ အပြန်အလှန် ထိန်းကျောင်းမှုမှ မရှိ။ လက်လွတ်စပယ် နှုတ်မိန့်နှင့် ချမှတ်ထားသော မော်တော်ကား စုံ/မ ထွက်ရက်ကန့်သတ်ချက် ဖြေလျော့ပေးဖို့ကိစ္စကလေးကိုပင် လွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိ။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ထိုင်းတို့၏ ယုံကြည်မှုနှင့် အဆောင်လက်ဖွဲ့ ဈေးကွက်ကို ခြေရာကောက်ခြင်း

နည်းပညာများ တိုးတက်လာသော ခေတ်တွင် ယခင်လို စေတီပုထိုးများနှင့် ဈေးကွက်များသို့ ကိုယ်တိုင်သွားရောက်ဝယ်ယူရန် မလိုတော့ဘဲ Facebook, TikTok, Live-Streaming နှင့် သီးသန့် အွန်လိုင်းအက်ပလီကေးရှင်းများမှတဆင့် ရောင်းဝယ်သည့် စနစ်သို့ ပြောင်းလဲလာခဲ့ကြောင်း၊ အွန်လိုင်းမှတဆင့် ယတြာချေခြင်း၊ ဆုတောင်းပေးခြင်း (Online Blessing Service) နှင့် E-commerce မှတဆင့် အဆောင်လက်ဖွဲ့များ တိုက်ရိုက် ဝယ်ယူနိုင်ခြင်းတို့ကြောင့် တရုတ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများ အထိ ဈေးကွက် ကျယ်ပြန့်လာကြောင်း စာတမ်း၌ ဖော်ပြသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ဂျပန်က AI အသုံးပြု စိုက်ပျိုးရေး အထူးဇုန်တွေမှာ မောင်းသူမဲ့ ထွန်စက်တွေ မြင်တွေ့ရတော့မယ်

အဆိုပါ ဒေသတွေကို AI အသုံးပြုပြီး စိုက်ပျိုးရေး မြှင့်တင်မယ့် နိုင်ငံအဆင့် ဗျူဟာမြောက် အထူးဇုန်တွေ အဖြစ် သတ်မှတ်မယ်…

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ပြည်သူ့စစ်မှုထမ်းအတွက် ကျွန်သဖွယ် ရောင်းစားခံရသူများ

စစ်သားစုဆောင်းဖို့ ဖိအားပေး ညွှန်ကြားထားသည့် ထိုအခြေအနေ၌ စစ်တပ်နောက်ခံရှိ လူမိုက်များ၊ ပျူစောထီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အုပ်ကြီး) များက ပိုမိုအခွင့်ကောင်းယူကာ နေ့ညမရှောင် လူငယ်များသာမက သန်သန်မာမာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတချို့ပါမချန် ဖမ်းဆီးနေသည်

ဆက်ဖတ်ရန် →
 

အောင်သင်း

ပေါက်ပေါက်ရှာရှာ

ထွင်ဉာဏ် ဆိုတာ ကျောင်းသင်ပညာ တတ်မှ မဟုတ်ဘူး၊ ပေါက်ပေါက်ရှာရှာ (ကလေးဘဝလို) လွတ်လွတ်လပ်လပ် စဉ်းစားတတ်တဲ့ အလေ့အကျင့်သာလျှင် ပဓာန…

ဆက်ဖတ်ရန် →
 

ဧရာဝတီ

အယုဒ္ဓယ ဘုန်းကြီး၊ မာတုဂါမ၊ စားပွဲဝိုင်းကြီး နဲ့ ဘတ် သန်းရာချီ ရွာပတ်တဲ့ အမှု

CCTV မှတ်တမ်းတွေအရ စားပွဲဝိုင်းကြီးပေါ် လိင်ဆက်ဆံတာလည်း ပါဝင်လာခဲ့လို့ စားပွဲဝိုင်းကြီး ဟာလည်း အမှုအခင်း သက်သေ အဖြစ်နဲ့ ရဲတပ်ဖွဲ့ရဲ့ သိမ်းဆည်းခံရ…

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ကချင်နဲ့ ရခိုင်မှာ စစ်ဦးချိုးခံလိုက်ရတဲ့ အာဏာသိမ်းစစ်တပ် (ရုပ်/သံ)

ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေပေမဲ့ နေရာနှစ်ခုစလုံးမှာ အထိနာပြီး စစ်ဦးချိုးခံနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment