နေ့စဉ်သတင်းလွှာ
Wednesday, October 7, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ အောက်တိုဘာ ၆ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
ခင်မောင်ဝင်း
မြန်မာနိုင်ငံ ဖက်ဒရယ်လစ်ဇင် တောင်းဆိုမှုသမိုင်းကြောင်းဟာ လွတ်လပ်ရေးမရမီ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်မှာ ချုပ်ဆိုတဲ့ အောင်ဆန်း-အက်တလီ စာချုပ်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်တွေမှာ မြစ်ဖျားခံခဲ့တယ်။
ဖိုးတာ
စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ပြန်လည်သုံးသပ်မည်ဟူသော ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ လှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။
အောင်မင်းဦး
ရခိုင်ပြည်တွင် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်နိုင်သည့် အဓိကစီးပွားရေးထွက်ပေါက်နှစ်ခုဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ရှိသော်လည်း နှစ်ခုစလုံးက အပြည့်အဝတည်ငြိမ်မှုကို အာမခံမပေးနိုင်သေးပေ။
ဒီလူသတ်ပွဲတွေ အားလုံးရဲ့ နောက်ကွယ်က တရားခံဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ အခုအချိန်ထိ လက်ဆွဲနှုတ်ဆက်နေကြတဲ့၊ သူ့ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေနဲ့ ဖိတ်ခေါ်ပြီး ကော်ဇောနီခင်း ကြိုဆိုနေကြတဲ့၊ ပြည်တွင်းမှာ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အစိုးရကို ပုံမှန်အစိုးရတရပ်လို ဆက်ဆံနေတဲ့ နိုင်ငံတကာကအစိုးရတွေလည်း ဒါကို စဉ်းစားသင့်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ပွဲအတွင်းမှာတင်မကဘဲ အရပ်သားပြည်သူတွေကိုပါ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ တိုက်ခိုက် သတ်ဖြတ်နေပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment