Monday, April 12, 2021

Daily Stories from The Irrawaddy 2021/3/12

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်

ကာလရှည်ကြာစွာ ထိခိုက်ခံစားခဲ့ရသော နိုင်ငံတခုအတွက် အရုဏ်သစ် တခုဆီသို့ ဦးတည် နိုင်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။

တမူးမြို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်း တိုက်ခိုက်

အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့ တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်တပ် များက သပိတ်ခံတပ် နေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် မြို့ တခုလုံးသို့ စီးနင်း၍ နေရာအနှံ့တွင် လိုက်လံ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း

အကြမ်းဖက် ဥပဒေဖြင့် တရားစွဲခံရသည့် တောင်ကုတ်ဒေသခံများအမှု အမိန့်မချဘဲ ထပ်မံ ရွေ့ဆိုင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသည့် မြို့နယ် စည်ပင် ကော်မတီ ဥက္ကဌ ဦးဇေယျကျော် အပါအဝင် ၄ ဦး အမှုကို ယနေ့တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း

မိုးမောက်တွင် KIA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး သေဆုံး

KIA သည် ရဲကင်းစခန်းတခုနှင့် စစ်တပ်၏ စခန်းတခုကို ဧပြီ ၁၁ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက် ခိုက်ရာ စစ်တပ်က လက်နက်ကြီးကျည်များဖြင့် ပြန်ပစ်ခတ်သဖြင့် ကျည်များ ရွာများထဲတွင်ကျကာ အရပ်သားများ ထိခိုက် သေဆုံးခြင်း ဖြစ်သည်

ဒါက နောက်တကြိမ် အာဏာသိမ်းမှုသက်သက် မဟုတ်ဘူး

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စကော့မာစီယယ်နှင့် ဧရာဝတီသတင်းဌာနက ဆွေးနွေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အမှုတခု ထပ်တိုး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် Vid- eo Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့ပြီး ယခင်အမှုများအပြင် ယနေ့တွင် သဘာ၀ဘေး စီမံခန့်ခွဲမှု အက်ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထပ်တိုး တရားစွဲခဲ့ကြောင်း

လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး

သေဆုံးသည့် အချိန်ကို CCTV က မှတ်တမ်းများ မတင်ထားခြင်း၊ ခန္ဓာကိုယ်အနှံ့ ကြိုးများ တုပ်နှောင်ချည် ထားရုံမက လက်နောက်ပြန်ကြိုးတုပ် ချည်ထားခြင်းကြောင့် မိမိကိုယ်ကိုယ် သတ်သေခြင်း မဖြစ်နိုင်ကြောင်း ဝေဖန်မှုများ လည်း ရှိနေသည်။

 

Saturday, April 10, 2021

Daily Stories from The Irrawaddy 2021/3/10

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဖိလစ်ပိုင်တွင်ဖြစ်စေ၊ တီမောလက်စ်တွင်ဖြစ်စေ ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လျစ်လျူမရှုရန် သမိုင်းက မိမိတို့ကို သင်ကြားပေးခဲ့သည်။

လားရှိုးက နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁၄ ဦး သေဆုံး

ယနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က တိုက်ခိုက်ခံရခြင်းကြောင့် ရဲကင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံး သည့်အပြင် ရဲကင်းစခန်း၏ ဝင်းအတွင်း နေထိုင်သည့် ရဲမိသားစုဝင် ၅ ဦးထက် မနည်း ကျည်ထိမှန် ဒဏ်ရာများ ရရှိထား သည်

စစ်တပ်က ပစ်ခတ်ခဲ့သည့် ပဲခူးဖြစ်စဉ်တွင် သေဆုံးသူ ၇၀ ကျော်ရှိလာ

ဦးရဲထွဋ်ကလည်း ထိုသို့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားသူများ၏ အလောင်းများကို ပြည်သူများက ကောက်ယူခွင့် မရခဲ့သည့်အပြင် အိမ်ပြင်သို့ ခေါင်းပြူထွက်သည်နှင့် သေနတ်ဖြင့်လှမ်းပစ်သည့် အနေအထားမျိုး ဖြစ်နေခဲ့သည်ဟုလည်း ပြောပြသည်။

တမူးတွင် တပ်က ပြည်သူတဦးကို ပစ်သတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်

အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေရာ ထိုဖြစ်စဉ် ပြီးနောက် စစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ အချို့အတွက် ဆန်ပြုတ်ထွက်ဝယ်သည့် တပ်သားတဦးမှာ ပစ်စတိုသေနတ်တလက်နှင့်အတူ ပြည်သူများဘက် ဝင်ရောက်လာခဲ့ကြောင်းလည်းသိရသည်။

တက္ကသိုလ် ပါချုပ်နှင့် ဒုချုပ်များကို တာဝန်မှ ယာယီရပ်ဆိုင်း ဟု စစ်ကောင်စီကြေညာ

နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်စေသည့် လှုပ်ရှားမှု တခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီသည်ဟု ဆိုကာ ပါမော က္ခချုပ် ၁၀ ဦးနှင့် ဒု ပါမောက္ခချုပ်၂၄ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်

 

Thursday, April 8, 2021

Daily Stories from The Irrawaddy 2021/3/8

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

နေပြည်တော်က NLD အမတ်နှစ်ဦး အမှု ၆ လအတွင်း အပြီး စစ်ဆေးမည်

၎င်းတို့နှစ်ဦးအမှုကို နေပြည်တော် အချုပ်ထောင်အတွင်း ယာယီတရားရုံး ပြုလုပ်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သက် ဆိုင်ရာ ဥတ္တရသီရိမြို့နယ် တရားသူကြီးနှင့် လယ်ဝေးမြို့နယ် တရားသူကြီးတို့က လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်

ဧရာဝတီတိုင်း မြို့နယ်တချို့တွင် PSI စလောင်းများအား ဖြုတ်သိမ်းခိုင်း

တချို့ရပ်ကွက်များတွင် အော်လံဖြင့် ရပ်ကွက်အတွင်း လိုက်လံသတိပေးနေခြင်းဖြစ်နေပြီး ရပ်ကွက်တချို့၌မူ ရပ်ကွက်လူကြီးမှတဆင့် နီးစပ်ရာ သတင်းများ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ

မီးရှို့ဖျက်ဆီးပြီးနောက် ယုဇနကုမ္ပဏီကို ဧပြီ ၇ ရက် နောက်ဆုံးထားကာ ဒေသမှ ထွက်သွားပေးရမည်ဟု KIA က ပြောဆိုထားကြောင်း ဒေသခံများက ဆိုသည်။

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် ရုံးထုတ်

နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ ဧပြီလ ၈ ရက်နေ့ တွင် ပုဒ်မ ၅၀၅ (က) ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း

နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ်ဆေးနေ

ရန်ကုန်တိုင်းရှိ အင်းစိန်ထောင် မန္တလေးတိုင်းရှိ အိုးဘိုထောင်၊ ပဲခူးတိုင်းရှိ ပြည်ထောင်နှင့် ဧရာဝတီတိုင်းရှိ ဟင်္သာတနှင့် ပုသိမ်အကျဉ်းထောင်များတွင် ထောင်တွင်း ယာယီတရားရုံးများဖြင့် ကြားနာ စစ်ဆေးနေကြောင်း သိရသည်။

ရခိုင်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများဆုံးမှာ ကလေးငယ်များ ဖြစ်

ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးမှု အများဆုံးမှာ ကလေး ငယ်များ ဖြစ်ကြောင်း ယူနီဆက်(မြန်မာ)က ဧပြီလ ၇ ရက်နေ့ ရက်စွဲဖြင့်

ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်အက်အမှုအတွက် ရှေ့နေပါဝါမရသေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အစိုးရ လျှို့ ဝှက်ချက်များအက်ဥပဒေ ဖြင့် တရားစွဲထားမှုအပေါ် လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါ မရရှိသေးကြောင်း ရှေ့နေများထံကသိရသည်။

CRPH ဥပဒေ ကိုယ်စားလှယ်များနှင့် IIMM တို့ ပထမဆုံးအကြိမ် တွေ့ဆုံ

IIMM နှင့် မြန်မာနိုင်ငံ၏ ဥပဒေအကျိုးဆောင် ကိုယ်စားလှယ်များသည်၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်း နောက်ပိုင်း စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများကို ပြောဆိုခဲ့သည်ဟု