Wednesday, April 21, 2021

Daily Stories from The Irrawaddy 2021/3/21

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ

စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများကြောင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီးကုန်ကျေးရွာအနီးတွင် မနေ့က ည ၇ နာရီအချိန်ထိ စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် ပြန်လည် ခုခံနေသည့် ဒေသခံ ပြည်သူများကြား တိုက်ပွဲဖြစ်

စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ

စစ်တပ်၏ ဖြိုခွဲတိုက်ခိုက်မှုများက မြန်မာနိုင်ငံရှိ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းများ ပေါ်ပေါက်စေခဲ့သည်။

ကန်ဒေါ်လာ ၁၅ သန်းတန် ရုရှလုပ် ရေဒါများ မြန်မာစစ်တပ် ဝယ်

ရုရှ ကာကွယ်ရေးဝန်ကြီး ဆာဂဲရွှိုင်ဂူ၏ ဇန်နဝါရီလ မြန်မာခရီးစဉ်အတွင်း ယင်းပစ္စည်းကိရိယာများအား ရောင်းချပေးရန် သဘောတူညီခဲ့ကြောင်း သတင်းက ဆိုသည်။

အမှုဖွင့်ခံရသည့် CDM ဆရာဝန်တို့၏ နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မည်ဟု စစ်ကောင်စီ ဆို

အရေးယူခံထားရတဲ့ ဆရာဝန်များအား ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံကူး လက်မှတ်များ ကို ပယ်ဖျက်သွားမှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာဌာနများတွင်လည်း Black List နာမည်ပျက်စာရင်း ရေးသွင်းထားကြောင်း သတင်းထုတ် ပြန်ထား ရှိပါတယ်

အဖမ်းခံထားရသည့် တမူးဒေသခံများ မိသားစုနှင့် တွေ့ ခွင့်မရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လူငယ် အယောက် ၃၀ မှာ လက်ရှိ အချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသေးကြောင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု

အာဆီယံ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် "သေချာပေါက် သွားရောက်ပါလိမ့်မည်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မြောင်းမြမြို့က အလွတ်တန်း သတင်းထောက်တဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ကို မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့က မနေ့က နေ့လည်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း

ပျဉ်းမနားမြို့တွင် ပေါက်ကွဲမှုများဖြစ်

ပေါက်ကွဲသံများ ၃ ချက်ခန့် ဆက်တိုက်ကြားရပြီးနောက် ရဲနှင့် စစ်သားများက အခင်းဖြစ်နေရာ မြဝတီဘဏ်သို့ ရောက်ရှိလာကာ လမ်းကို ပိတ်ထားလိုက်ပြီး ပေါက်ကွဲမှုကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီး အန္တရာယ်မရှိ၍ လမ်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း

 

Monday, April 19, 2021

Daily Stories from The Irrawaddy 2021/3/19

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

မြင်းခြံအခြေအနေ ပြင်းထန် စစ်ကောင်စီတပ်မှ  ၆ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုကို ဒေသခံပြည်သူများ ပြန်လည်ခုခံရာတွင် စစ်ကောင်စီ တပ်သား  ၆ ယောက်သေကာ ၁၃ ယောက် ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ ကားလမ်းပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေးအတွက် စုဖွဲ့ထားသည့် ကနီဒေသ ကာကွယ်ရေး အဖွဲ့တို့ ကြား ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့

မြင်းခြံ ပစ်ခတ်မှု သေဆုံးသူ၏ အလောင်း ကောက်၍ မရသေး

ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ပစ်ခတ်မှုကို ဒေသ ခံ ပြည်သူများ ပြန်လည်ခုခံရာတွင် စစ်ကောင်စီ တပ်သား ၆ ယောက်ဆုံး၍ ၁၃ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း

ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်

ဘဏ်များ ပိတ်ထားမှု ယခုထက် အချိန်ထပ်မံကြာမြင့်လာပါက ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတချို့ကို ရပ်ဆိုင်းသွားစေသည်အထိ ရိုက်ခတ်မှု ကြီးမားလာနိုင်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

ရသေ့တောင်တွင် စစ်ရှောင်များအတွက် လူနေအိမ်များ လိုအပ်နေ

မကြာမီ ကျရောက်လာတော့မည့် မိုးဦးရာသီတွင် ပြိုကျလုလု ဖြစ်နေသည့် ရသေ့တောင်မြို့နယ်က စစ်ရှောင် စခန်းများ အတွက် လူနေအိမ်များ(အဆောင်များ) အချိန်မီ ပြန်လည် တည်ဆောက်ပေးရန် လိုအပ်နေကြောင်း

စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

ဧပြီ ၁၈ နှင့် ၁၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်သံများ မကြားရသော်လည်း စစ်ရေးအခြေအနေမှာ တည်ငြိမ်ခြင်း မရှိဘဲ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကာ တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲမည်ကိုလည်း စိုးရိမ်သဖြင့် ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးရခြင်း ဖြစ်ပါသည်

ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး

ထို့ပြင် လူနာတင်ယာဉ်များအနေနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့် လူနာများ၏ အရေးကိစ္စတွင် ပါဝင် ကူညီခြင်း မပြုရန်၊ လိုင်စင် မရှိသည့် လူနာတင်ယာဉ်များ မမောင်းနှင်ကြရန်လည်း စစ်ကောင်စီက ပြောဆိုခဲ့

ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်

ဖားကန့်မြို့နယ်တွင်း စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများ ၏ စခန်းကုန်းများကို လာရောက် တိုက်ခိုက်နေသည်မှာ KIA ၏ တပ်မဟာ(၉ ) လက်အောက်ခံ တပ်ရင်း ၆ ဖြစ်သည်

အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်

စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းရန် ရည်ရွယ်ပြီး ထိုသို့ လူငယ်လူရွယ်များကို ရက် စက်စွာ ညှဉ်းပန်းနှိပ်စက်ထားသည့် ပုံများကို ပြည်သူများအား ပေါ်ပေါ်ထင်ထင် ချပြခဲ့ခြင်း ဖြစ်

ကလေးတွေ အကုန်လုံးရဲ့ အသက်ကို ပြန်လိုချင်ပါတယ်

အန်တီသိထားတဲ့ ဗဟုသုတ အရ ရွှေပြည်သာ စစ်ကြောရေးဆိုတဲ့ နေရာကို ရောက်ရင် ပိုပြီးပြင်းထန်မယ်လို့ သိရတဲ့ အတွက် အခုချိန်မှာ သူတော်တော်လေးကို ခံစားနေရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အန်တီ့အနေနဲ့ ဒီပုံတွေကိုလည်း မကြည့်တော့ပါဘူး