Saturday, April 24, 2021

Daily Stories from The Irrawaddy 2021/3/24

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ အဓိကပစ်မှတ်

အတွေ့ အကြုံရင့်ကျင့်ပြီး ပညာအမျှော်အမြင်ရှိသည့်အပြင် သြဇာလွှမ်းမိုးမှုရှိသော ခေါင်းဆောင်များသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တုန်လှုပ်ခြောက်ခြားစေသည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။

ကိုဝေမိုးနိုင်အပါ ၄၂ ဦးကို လူသတ်မှုဖြင့် တရားစွဲတင်

ကိုဝေမိုးနိုင် အပါအဝင် ၃၈ ဦးကို ရာဇဝတ်ကြီးအမှုအမှတ် ၁၀/၂၀၂၁ ဖြင့် မုံရွာခရိုင်တရားရုံးတွင် ၃၀၂(လူသတ်မှု) နှင့်လည်းကောင်း၊ ကျန် ၄ ဦးမှာ ကလေးသူငယ် ဖြစ်သောကြောင့် မုံရွာမြို့နယ်တရားရုံး၌ လည်းကောင်း အသီးသီး တရားစွဲတင်ခံရခြင်း ဖြစ်

စစ်ကောင်စီကို တော်လှန်သူများနှင့် မပူးပေါင်းရန် ကလေးမြို့ လုပ်ငန်းရှင်များ ဖိအားပေးခံနေရ

စစ်ကောင်စီတပ်များကို ပြန်လည်ခုခံ တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မပူးပေါင်းရန် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ လုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူဖိ အားပေးလျက်ရှိ

ပြည်မြို့တွင် လက်ရုံးတပ်တခုမှ စစ်သား ၃ ယောက် လက်နက်များယူ၍ ထွက်ပြေး

ယင်းဖြစ်စဉ်ကြောင့် ပြည်မြို့တွင် မနေ့က ညပိုင်းက ရပ်ကွက်တချို့ ၌ ဧည့်စာရင်း ဝင်စစ်ခဲ့ပြီး မနေ့က ညနေ ပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် လမ်းဆုံလမ်းခွများတွင် လူ၊ ဆိုင်ကယ်၊ ကားပါမကျန် အလွတ်မပေးဘဲ ရှာဖွေမှုများ ပြု လုပ်နေကြောင်း

နောင်ချိုမြို့မှ CDM ဆရာ၊ ဆရာမများကို မြို့နယ် ပညာရေးမှူးရုံးက ဖိအားပေးနေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသည့် ဆရာ၊ ဆရာမများကို ဒုတိယ မြို့နယ် ပညာရေးမှူး ဦးစိုးခိုင်၊ ဦးစီးအရာရှိ ဦးဇော်မြင့်နှင့် အပေါင်းအပါများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဖိအားပေးနေကြောင်း သိရသည်။

ဟားခါးတွင် ရဲနှင့် စစ်သားတို့ အချင်းချင်း ပစ်ခတ်၊ စစ်သား ၂ ဦး သေဆုံး

ချင်းပြည်နယ်၊ ဟာခါးမြို့ တွင် ဝန်ကြီးများ နေထိုင်သည့် အိမ်ရာကို စောင့်ကြပ်ရသည့် စစ်ကောင်စီ လက် နက်ကိုင်တပ်ဖွဲ့မှ ရဲနှင့် စစ်သားတို့ မနေ့က ည ၇ နာရီခွဲခန့်တွင် အချင်းချင်း ပစ်ခတ်ကြရာ စစ်သား ၂ ဦး သေဆုံးသွား ကြောင်း

ASEAN ဆွေးနွေးပွဲ မြန်မာတွေ မျှော်လင့်ချက် သိပ်မထား

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ASEAN အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော မြန်မာပြည်သူလူထု၏ အသံကို နားထောင်ရန် ကြိမ်ဖန်များစွာ တောင်းဆိုနေခဲ့ကြသည်။

ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး "မငြင်း"ဟု ဆို

မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံအသင်း၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရောက်ရေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မငြင်းဟု သိရသည်။

 

Friday, April 23, 2021

Daily Stories from The Irrawaddy 2021/3/23

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေး လာရောက်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆိုထားသည်။

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း

စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို

NUG ၏ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မြန်မာလူထု၏ စိတ်ဆန္ဒအပေါ် အခြေခံပြီး ASEAN အဖွဲ့က လုပ်ကိုင်ကြစေလိုကြောင်း တိုက်တွန်းသည်။

ကျိုက်ကော်တွင် KNU နှင့် အာဏာသိမ်းတပ် ပစ်ခတ်မှုဖြစ်

နောင်ဘို၊ သက္ကတောင်ပေါ်ဘုရား အတက်မုခ်ဦးအဝင်၊ ကောင်းကြိုက်စားသောက်ဆိုင်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းတပ်ဘက် ၄ ဦး ထိမှန်ခဲ့သည့်အတွက် အရေးပေါ်ကားဖြင့် တင်သွားသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

Alternative ASEAN Network on Burma (Altsean-Burma) ကို တည်ထောင်သူ ဒက်ဘီ စတော့ဟတ်အား မေးမြန်းဆွေးနွေးထားသည်။

တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်

၎င်းအား စစ်ကောင်စီက နောက်ယောက်ခံလိုက်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် ဝေါ်ကီ တော်ကီ ၄ လုံးအား တွေ့ရှိရသဖြင့် လက်အရိုးကျိုးပြီး ထွက်လာသည်အထိ ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း

NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူကို ယနေ့ ရုံးချိန်းတွင် ရှေ့နေ ပါဝါတင်

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် NLD ပါတီ၏ နေပြည်တော် ကောင်စီ နယ်မြေ ဥက္ကဌ ဖြစ်သူ ဦး မင်းသူကို ယနေ့ ဧပြီလ ၂၃ ရက်နေ့ရုံးချိန်းတွင် ၎င်းအမှုအတွက် လိုက်ပါဆောင်ရွက်ခွင့် ရရှိရန် ရှေ့နေများက ပါဝါတင် ခဲ့ကြောင်း

ဦးဝင်းထိန်နှင့် သူ၏ရှေ့နေတို့ တွေ့ခွင့်မရ၍ ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း

ရုံးချိန်းကို လာမည့် မေလ ၇ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကာ ထိုရုံးချိန်းတွင်မူ တရားလို စစ်ဆေးမှုကို မပျက်မကွက် လုပ်ဆောင်သွားဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်

မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်လုနီးပါး မဟုတ်သော်လည်း အနည်းငယ်သာ အရောင်းအဝယ် လုပ်ဆောင်နိုင်လျက်ရှိပြီး ယခင်က တရက်လျှင် ကုန်ကား ၁၀၀ မှ ၁၅၀ ခန့် တရုတ်နိုင်ငံဘက်သို့ ဝင်သော်လည်း ယခုတွင် အစီးရေ ၃၀ မှ ၄၀ ခန့်သာ ဝင်နိုင်တော့ ကြောင်း မူဆယ်မှ မိန်မိန်း သစ်သီးပွဲရုံ၏ တာဝန်ရှိတဦးက ပြောသည်။