ဧရာဝတီ နေ့စဉ်သတင်း — မဲဇာနယ်မြေကို စစ်တပ်ပြန်ထိန်းချုပ်
 |
နေ့စဉ်သတင်းလွှာ |
Saturday, October 10, 2026 |
|
|
|
|
ဧရာဝတီ |
မဲဇာနယ်မြေကို စစ်တပ်ပြန်ထိန်းချုပ် |
|
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မဲဇာကျေးရွာနဲ့ အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာပြီးနောက် အောက်တိုဘာလ ၉ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။ |
| ဆက်ဖတ်ရန် → |
|
|
|
|
|
|
ဧရာဝတီ |
AA ကိုတိုက်မယ့် စစ်မျက်နှာအားလုံး ချေမှုန်းခံနေရ |
|
အာရက္ခတပ်တော် (AA) အများစု ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲကို ခြေကုပ်ပြန်ယူဖို့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ နှစ်ဖက်တိုက်ပွဲတွေအတွင်း ရှေ့မတိုးနိုင်ဘဲ စစ်ဦးကျိုး လန်ကျနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ |
| ဆက်ဖတ်ရန် → |
|
|
|
|
|
|
ဧရာဝတီ |
ရှမ်းမြောက်ကျားဖြန့်စစ်ဆင်ရေး မှတ်တမ်းရုပ်ရှင် တရုတ် ဘာကြောင့်ပြခဲ့လဲ |
|
ထိုမော်ကွန်းရုပ်ရှင် ပြသမှုက ရှမ်းမြောက်ဒေသ ကျားဖြန့်စစ်ဆင်ရေး ၃နှစ်ပြည့်ခါနီးချိန်ဖြစ်သလို အမေရိကန် ကိုယ်စား လှယ်အဖွဲ့ ကျားဖြန့်အကြောင်းပြု နေပြည်တော်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု စတင်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ရှမ်းမြောက်ကျားဖြန့်စစ်ဆင်ရေးအကြောင်း မှတ်တမ်းရုပ်ရှင်ကို တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် China Media Group တို့က ပူးပေါင်း ပြသခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဝဒေသ မိုင်းပေါက်တဝိုက်မှာပင် လူပေါင်း ၆၀,၀၀၀ နီးပါး ပါဝင်ပတ်သက်နေသည့် ကျားဖြန့် စခန်းပေါင်း ၂၆၅ ခုရှိခဲ့ကြောင်း၊ အများစုကို ဒေသတွင်း သြဇာရှိသူများက အကာအကွယ် ပေးထားကြောင်း မှတ်တမ်းရုပ်ရှင်က ဆိုသည်။ |
| ဆက်ဖတ်ရန် → |
|
|
|
|
|
|
|
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
|
|
|
|
|
|
The Irrawaddy · Chiang Mai, Thailand စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန် |
|
No comments:
Post a Comment