Saturday, April 10, 2021

Daily Stories from The Irrawaddy 2021/3/10

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဖိလစ်ပိုင်တွင်ဖြစ်စေ၊ တီမောလက်စ်တွင်ဖြစ်စေ ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လျစ်လျူမရှုရန် သမိုင်းက မိမိတို့ကို သင်ကြားပေးခဲ့သည်။

လားရှိုးက နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁၄ ဦး သေဆုံး

ယနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က တိုက်ခိုက်ခံရခြင်းကြောင့် ရဲကင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံး သည့်အပြင် ရဲကင်းစခန်း၏ ဝင်းအတွင်း နေထိုင်သည့် ရဲမိသားစုဝင် ၅ ဦးထက် မနည်း ကျည်ထိမှန် ဒဏ်ရာများ ရရှိထား သည်

စစ်တပ်က ပစ်ခတ်ခဲ့သည့် ပဲခူးဖြစ်စဉ်တွင် သေဆုံးသူ ၇၀ ကျော်ရှိလာ

ဦးရဲထွဋ်ကလည်း ထိုသို့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားသူများ၏ အလောင်းများကို ပြည်သူများက ကောက်ယူခွင့် မရခဲ့သည့်အပြင် အိမ်ပြင်သို့ ခေါင်းပြူထွက်သည်နှင့် သေနတ်ဖြင့်လှမ်းပစ်သည့် အနေအထားမျိုး ဖြစ်နေခဲ့သည်ဟုလည်း ပြောပြသည်။

တမူးတွင် တပ်က ပြည်သူတဦးကို ပစ်သတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်

အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေရာ ထိုဖြစ်စဉ် ပြီးနောက် စစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ အချို့အတွက် ဆန်ပြုတ်ထွက်ဝယ်သည့် တပ်သားတဦးမှာ ပစ်စတိုသေနတ်တလက်နှင့်အတူ ပြည်သူများဘက် ဝင်ရောက်လာခဲ့ကြောင်းလည်းသိရသည်။

တက္ကသိုလ် ပါချုပ်နှင့် ဒုချုပ်များကို တာဝန်မှ ယာယီရပ်ဆိုင်း ဟု စစ်ကောင်စီကြေညာ

နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်စေသည့် လှုပ်ရှားမှု တခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီသည်ဟု ဆိုကာ ပါမော က္ခချုပ် ၁၀ ဦးနှင့် ဒု ပါမောက္ခချုပ်၂၄ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်

 

Thursday, April 8, 2021

Daily Stories from The Irrawaddy 2021/3/8

 

EMAIL NEWSLETTER
OUR TOP DAILY STORIES

နေပြည်တော်က NLD အမတ်နှစ်ဦး အမှု ၆ လအတွင်း အပြီး စစ်ဆေးမည်

၎င်းတို့နှစ်ဦးအမှုကို နေပြည်တော် အချုပ်ထောင်အတွင်း ယာယီတရားရုံး ပြုလုပ်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သက် ဆိုင်ရာ ဥတ္တရသီရိမြို့နယ် တရားသူကြီးနှင့် လယ်ဝေးမြို့နယ် တရားသူကြီးတို့က လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်

ဧရာဝတီတိုင်း မြို့နယ်တချို့တွင် PSI စလောင်းများအား ဖြုတ်သိမ်းခိုင်း

တချို့ရပ်ကွက်များတွင် အော်လံဖြင့် ရပ်ကွက်အတွင်း လိုက်လံသတိပေးနေခြင်းဖြစ်နေပြီး ရပ်ကွက်တချို့၌မူ ရပ်ကွက်လူကြီးမှတဆင့် နီးစပ်ရာ သတင်းများ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ

မီးရှို့ဖျက်ဆီးပြီးနောက် ယုဇနကုမ္ပဏီကို ဧပြီ ၇ ရက် နောက်ဆုံးထားကာ ဒေသမှ ထွက်သွားပေးရမည်ဟု KIA က ပြောဆိုထားကြောင်း ဒေသခံများက ဆိုသည်။

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် ရုံးထုတ်

နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ ဧပြီလ ၈ ရက်နေ့ တွင် ပုဒ်မ ၅၀၅ (က) ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း

နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ်ဆေးနေ

ရန်ကုန်တိုင်းရှိ အင်းစိန်ထောင် မန္တလေးတိုင်းရှိ အိုးဘိုထောင်၊ ပဲခူးတိုင်းရှိ ပြည်ထောင်နှင့် ဧရာဝတီတိုင်းရှိ ဟင်္သာတနှင့် ပုသိမ်အကျဉ်းထောင်များတွင် ထောင်တွင်း ယာယီတရားရုံးများဖြင့် ကြားနာ စစ်ဆေးနေကြောင်း သိရသည်။

ရခိုင်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများဆုံးမှာ ကလေးငယ်များ ဖြစ်

ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးမှု အများဆုံးမှာ ကလေး ငယ်များ ဖြစ်ကြောင်း ယူနီဆက်(မြန်မာ)က ဧပြီလ ၇ ရက်နေ့ ရက်စွဲဖြင့်

ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်အက်အမှုအတွက် ရှေ့နေပါဝါမရသေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အစိုးရ လျှို့ ဝှက်ချက်များအက်ဥပဒေ ဖြင့် တရားစွဲထားမှုအပေါ် လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါ မရရှိသေးကြောင်း ရှေ့နေများထံကသိရသည်။

CRPH ဥပဒေ ကိုယ်စားလှယ်များနှင့် IIMM တို့ ပထမဆုံးအကြိမ် တွေ့ဆုံ

IIMM နှင့် မြန်မာနိုင်ငံ၏ ဥပဒေအကျိုးဆောင် ကိုယ်စားလှယ်များသည်၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်း နောက်ပိုင်း စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများကို ပြောဆိုခဲ့သည်ဟု

 

Friday, August 21, 2020

Daily Stories from The Irrawaddy 2020/8/21

 

EMAIL NEWSLETTER
OUR TOP DAILY STORIES
ဦးဌေးအောင်ကို ဖမ်းပြီး အင်းစိန်ထောင်ပို့

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တနေ့တခြား များပြားလာသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စစ်တွေမြို့ နယ်အတွင်း ပြည်သူများအနေဖြင့် Stay at Home နေထိုင်ရန် ကန့်သတ်ထားပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ပိုးတွေ့ လူနာများ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းများကို လော့ဒေါင်း ချထားသည်။

ပုသိမ်မြို့လယ်က လောင်းကစားဝိုင်းကို ရဲဝင်ဖမ်း၊ ၃၃ ဦး ဖမ်းဆီးခံရ

အဲဒီလောင်းကစားဝိုင်းမှာ တပ်ဖွဲ့ဝင် တဦးကို အရပ်ဝတ်နဲ့တွေ့ရလို့ ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူက လောင်းကစားသူ ၃၃ ဦးထဲမှာ မပါပါဘူး။ စစ်ဆေး ပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ

ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ

၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၄ ကြိမ်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် အဆုံးသတ်သည့် စတုတ္ထအစည်းဝေးသည် NLD အစိုးရလက်ထက် နောက်ဆုံး ညီလာခံလည်းဖြစ်သည်။

မျိုးဗီဇပြောင်း ဗိုင်းရပ်က ကိုဗစ်ဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်ပါတယ်

လတ်တလောတွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကူးစက်မြန် ဗိုင်းရပ်နဲ့ ပတ်သက်ပြီး သုတေသန တွေ့ရှိချက်တွေ၊ ကူး စက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ချေတွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်းက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီး ဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်