ဧရာဝတီ အယ်ဒီတာချုပ်ရဲ့ နှစ်သစ်ကူးစကား
၂၀၂၄ ခုနှစ်ကုန်ဆုံးချိန်မှာ ဒီနှစ်ဟာ ပဋိပက္ခ၊ ခံနိုင်ရည်နဲ့ ဧရာဝတီသတင်းဌာနရဲ့ တိုးတက်မှုတွေကို သင်္ကေတပြုတဲ့နှစ်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သတင်းစာမျက်နှာတွေဟာ ပဋိပက္ခတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအောင်ပွဲသတင်းတွေကနေ နယ်စပ်ဖြတ်ကျော်ရာဇဝတ္ထုတွေ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုတွေသာမက အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအထိ အရေးပါတဲ့ သတင်းတွေနဲ့ ပြည့်နေပါတယ်။
အခုနှစ်နှောင်းပိုင်းမှာ ရေလွှမ်းမိုးမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့ ထိခိုက်မှုတွေကို အာရုံစိုက်ပြီး အဲဒီအရေးပေါ်ပြဿနာတွေကို ကျနော်တို့ စူးစူးစိုက်စိုက် တိတိကျကျ မှတ်တမ်းတင်ခဲ့ပါတယ်။ ကျနော်တို့သတင်းဌာနဟာ မြန်မာရဲ့နယ်စပ်တွေကို ကျော်လွန်ပြီးတော့ တရုတ်-မြန်မာရေးရာနဲ့ ထိုင်း-မြန်မာရေးရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြခဲ့ပြီး စာဖတ်သူတွေကြား ပဲ့တင်ထပ်မယ့် နက်ရှိုင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေမှာ ရှုထောင့်အမြင်တွေကို ပေါင်းကူးပေးပြီး နက်နက်ရှိုင်းရှိုင်း သုံးသပ်တင်ပြ နိုင်လို့ ဒီနယ်ပယ်မှာ ကျနော်တို့ အကောင်းဆုံးဖြစ်တယ်လို့ ပြောရတာ ဂုဏ်ယူပါတယ်။ ငြိမ်းချမ်းတဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက် ကင်းမဲ့နေပြီး မြန်မာနိုင်ငံဟာ ဆက်လက် မတည်မငြိမ်ဖြစ်နေပါတယ်။ ဒုက္ခတွေကြား ထိပ်တိုက်ရင်ဆိုင်မှုများနဲ့ မသေချာ မရေရာမှုတွေ ကြုံတွေ့ပါစေ၊ ပြည်ပရောက် သတင်းမီဒီယာ အသိုင်းအဝိုင်းဟာ ပိုအားကောင်းလာအောင် နည်းလမ်းတွေ ရှာရမယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆက်လက်ရှင်သန် ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းကြရပါဦးမယ်။ ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေကို ကျနော်တို့ အလှူရှင်တွေ ဆက်လက် ပံ့ပိုးသွားဖို့လည်း မျှော်လင့်ပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ မရှိရင် ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ ဒီအရေးကို ထိန်းသိမ်းဖို့ ကျနော်တို့ သန္နိဌာန်ချထားပါတယ်။ စိန်ခေါ်မှုတွေကြား ကျနော်တို့ တိကျတဲ့ သတင်း၊ ယုံကြည်ရတဲ့ အချက်အလက်တွေ၊ အတွေးကြွယ်စေမယ့် သုံးသပ်စိတ်ဖြာချက်တွေနဲ့ မျက်စေ့ကျယ်စေမယ့် ရုပ်ပုံတွေပါ စာဖတ်သူဆီ ယူဆောင်လာဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကျနော်တို့ရဲ့ YouTube စာမျက်နှာဟာ အခုနှစ်အတွင်း အရေးပါတဲ့ သမိုင်းမှတ်တိုင်ကိုရောက်ခဲ့ပြီး ပင်တိုင်ကြည့်ရှုသူ တသန်းကျော်ပြီး ဆက်လက်ကြီးထွားနေပါတယ်। ပြည်တွင်း ပြည်ပက သစ္စာရှိပြီး ကျယ်ပြန့်နေတဲ့ ကျနော်တို့ရဲ့ ပရိသတ်ဟာ ကျနော်တို့ အမှတ်တံဆိပ်နဲ့ ကျနော်တို့ဖော်ပြတဲ့ အကြောင်းအရာတွေရဲ့အရည်အသွေးအတွက် သက်သေခံချက်ပါပဲ။ Happy New Year to you all!
အားလုံးအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။
အောင်ဇော် အယ်ဒီတာချုပ် |
No comments:
Post a Comment