နေ့စဉ်သတင်းလွှာ
Saturday, April 4, 2026
ဧရာဝတီ
စက်သုံးဆီ အခက်အခဲကို ဖြေရှင်းဖို့ ဆိုပြီး မော်တော်ယာဉ်တွေကို စုံ/မ စနစ်နဲ့ ကန့်သတ်လိုက်တဲ့နောက်မှာတော့ စစ်ခေါင်းဆောင်နှစ်ဦးရဲ့ သားသမီးတွေ အပါအဝင် EV ကား ရောင်းချသူတွေ အမြတ်ကြမ်းခဲ့တယ်လို့ ကားအရောင်း အဝယ်လောကကနေ သိရပါတယ်။
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဧပြီ ၃ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
"စစ်တပ်နဲ့ အဆင်ပြေအောင်ဆက်ဆံပြီး သူ့ဒေသအုပ်ချုပ်ရေးကို ထိန်းထားတဲ့အဖွဲ့တွေပဲ။ စစ်တပ်နဲ့ဆက်ဆံရေး ကတော့ ပုံမှန်ထိန်းထားကြတာပဲ။ မိုင်းလားဆို ဒီတခေါက်မှာ ကိုးကန့်အဖွဲ့ပြဿနာနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ဆက်ဆံရေးနည်းနည်း လေး တင်းနေတာ။ ဘာလို့ဆို ကိုးကန့်အဖွဲ့က မိုင်းလားနယ်ထဲမှာပဲ တပ်တွေဖွဲ့ပြီး ထွက်တိုက်သွားတာကိုး" လို့ ပြောပါ တယ်။
မိုးဇော်ဦး
မင်းအောင်လှိုင် သမ္မတဖြစ်လာတာနဲ့အမျှ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခအသစ်တခုဟာ ပုံပေါ်လာနေပါပြီ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးကာ နိုင်ငံကို စစ်အာဏာရှင်လက်အောက် တကျော့ပြန်အသက်သွင်းခဲ့သည့် စစ်ခေါင်းဆောင်က အာဏာသိမ်းမှု ငါးနှစ်အကြာတွင် အတုအယောင် ရွေးကောက်ပွဲတရပ် ကျင်းပကာ လွှတ်တော်များခေါ်ယူစေခဲ့ပြီး သမ္မတဖြစ်လာရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ပြည်တွင်းရေးကို မြန်မာ့ကိုယ်ပိုင်လမ်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် ပြည်တွင်းရေး ထိပါးနှောင့်ယှက်သည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်အားလုံးကို ပြတ်သားစွာ ကန့်ကွက်ပယ်ချသလို အချုပ်အခြာအာဏာ ထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကို လက်ခံမည်မဟုတ်ဟု ဆိုသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့သည် လေထုအရည်အသွေးညွှန်းကိန်း (AQI) ၂၀၀ ကျော်ထိ မြင့်တက်ကာ ကမ္ဘာ့လေ ထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့များစာရင်း၌ ဒုတိယနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။
မင်းအောင်လှိုင်သည် ၎င်း၏ သားသမီးများ လက်ဝါးကြီးအုပ်ထားသည့် လျှပ်စစ်ကား (EV) များ ပိုရောင်းရရန် အစီအစဉ်တရပ်ကို ဖော်ဆောင်လိုက်သည်။
အေးချမ်းဆု
မင်းအောင်လှိုင် တပ်ချုပ် တာဝန်ယူသည့်သက်တမ်းတွင် အဆိုးဝါးဆုံး စစ်ရေးရလဒ်များကို တွေ့ရှိရ၏။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailand စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment