Thursday, April 9, 2026

ဧရာဝတီ နေ့စဉ်သတင်း 04/10/2026

ဧရာဝတီ နေ့စဉ်သတင်း — K-pay အကောင့် အမည်ခံဖွင့်ခိုင်းပြီး ငွေပေးဝယ်ယူမှုတွေရှိနေ (ရုပ်/သံ)
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Friday, April 10, 2026

 

ဧရာဝတီ

K-pay အကောင့် အမည်ခံဖွင့်ခိုင်းပြီး ငွေပေးဝယ်ယူမှုတွေရှိနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ်တို့မှာ ဒေသခံတွေရဲ့ မှတ်ပုံတင်နဲ့ ဓာတ်ပုံတွေကို အသုံးပြု ကမ္ဘောဇဘဏ်ရဲ့ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှု K-Pay အကောင့်တွေကို အမည်ခံဖွင့်ခိုင်းပြီး ငွေပေးဝယ်ယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံတို့က ဧရာဝတီကို ပြောပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

သဘာဝဘေးတွေကို စီမံနိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်လိမ်ပြော

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဧပြီ ၉ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

နိုင်ငံတကာစွဲချက်တွေနဲ့ ဝရမ်းထုတ်ခံထားရတဲ့ သမ္မတ (ရုပ်/သံ)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်တွင်းမှာ သူ့စိတ်ကြိုက် သမ္မတရာထူးကို ရယူထားပေမဲ့လည်း နိုင်ငံတကာစာမျက်နှာမှာတော့ သူဟာ စစ်ရာဇဝတ်ကောင်အဖြစ်နဲ့သာ ရှုမြင်ခံနေရတာပါ။

ဆက်ဖတ်ရန် →
 

Mark Hallam

မြန်မာစစ်တပ်ထံ အချက်အလက်တွေ လွှဲပေးမှုကြောင့် တယ်လီနော တရားစွဲခံရ

မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပြီး သုံးစွဲသူတွေကို အန္တရာယ်ထဲ တွန်းပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေးအခြေစိုက် တယ်လီနော (Telenor) ကုမ္ပဏီကို ဆွီဒင် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုက တရားစွဲဆိုလိုက်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

အရှေ့အလယ်ပိုင်းသွားမည့် လုပ်သားများ စစ်ကော်မရှင် ပိတ်ပင်ပြန်

စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ သွားရောက်လုပ်ကိုင် မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်အလုပ်သမားများကို လုံခြုံရေးအကြောင်းပြ၍ ထွက်ခွာခွင့် ယာယီပိတ်ပင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် အလုပ်သမားများထံမှ သိရသည်။

ဆက်ဖတ်ရန် →
 

ရဲမျိုးဟိန်း

ဝတ်စုံသစ်နဲ့ အာဏာရှင်ဟောင်းများ (သို့မဟုတ်) မြန်မာပြည်က မပြောင်းလဲတဲ့ စစ်အုပ်ချုပ်ရေး

ဦးနေဝင်းလိုပဲ၊ အဝတ်အစားသာ ပြောင်းသွားတယ်၊ အုပ်ချုပ်သူကတော့ မပြောင်းပါဘူး။ မင်းအောင်လှိုင်ဟာ အရင်လူပါပဲ၊ သူ့တိုင်းပြည်ကို သူကိုယ်တိုင် ဖျက်ဆီးနေသူပဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

သမ္မတလုပ်တဲ့ စစ်ခေါင်းဆောင် ဒါတွေလုပ်ရဲလား

သူ မလုပ်ရဲတာ ဘာမှမရှိဘူး လို့ ကြွေးကြော်ခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တယောက် သမ္မတဖြစ်လာချိန်မှာ အချက်သုံးချက်ကို လုပ်ရဲပါ့မလားဆိုပြီး ဧရာ၀တီအယ်ဒီတာ ကျော်စွာမိုး က မေးခွန်းထုတ်ထားပါတယ်။ ဘာတွေလဲ၊ ဘာကြောင့်လဲဆိုတာ ဒီတပတ် Opinion Talk မှာကြည့်ရှုနားဆင်နိုင်ပါပြီ။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment