Thursday, April 16, 2026

ဧရာဝတီ နေ့စဉ်သတင်း 04/17/2026

ဧရာဝတီ နေ့စဉ်သတင်း — TNLA ရဲ့ ထုတ်ပြန်ချက် အရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက် (ရုပ်/သံ)
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Friday, April 17, 2026

 

ဧရာဝတီ

TNLA ရဲ့ ထုတ်ပြန်ချက် အရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက် (ရုပ်/သံ)

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ကို ကြိုဆိုပြီး ဂုဏ်ပြုတယ်လို့ ထုတ်ပြန်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ ထုတ်ပြန်ချက်ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက် ရှုံ့ချတယ်လို့ ဧပြီလ ၁၆ ရက်နေ့က အသီးသီး ထုတ်ပြန်ကြပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

သွေးစွန်းနေတဲ့ အတာသင်္ကြန် (ရုပ်/သံ)

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာ ဘဏ္ဍာငွေကြေး အများအပြားသုံးစွဲပြီး သင်္ကြန်ကို စည်ကားအောင် ဖန်တီးထားပေမယ့် ကျေးလက်နေပြည်သူတွေကတော့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ကြုံတွေ့နေပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

တော်လှန်ရေးအောင်မြင်ဖို့ စိန်ခေါ်ချက်တွေရှိနေတယ်လို့ NUG ပြော (ရုပ်/သံ)

နွေဦးတော်လှန်ရေး အောင်မြင်မှုရရှိနိုင်ဖို့အတွက် စိန်ခေါ်ချက်တွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၅ နှစ်ပြည့် မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ဝတ်စုံသစ်နဲ့ အာဏာရှင်ဟောင်းများ (ရုပ်/သံ)

ဒီ “အရပ်သား” အမည်ခံအစိုးရက အပြောင်းအလဲတွေ ယူဆောင်လာလိမ့်မယ်လို့ ထင်နေတဲ့ နိုင်ငံတကာ အင်အားစုတွေ မှားပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး စစ်ဗိုလ်ချုပ်အသစ်တွေကို နေရာပေးခဲ့တဲ့ ၂၀၁၀ ခုနှစ်နဲ့ မတူပါဘူး။ ၂၀၂၆ ဟာ ၂၀၁၀ မဟုတ်ပါဘူး။ ဦးနေဝင်းခေတ်ကလို စစ်ဗိုလ်ချုပ်တယောက်က သူ့ကိုယ်သူ အရပ်ဝတ်လဲပြီး အာဏာလွှဲပေးလိုက်တဲ့ ဖြစ်ရပ်မျိုးပဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ရဲမျိုးဟိန်း

ထောက်လှမ်းရေးမှူးချုပ် ရဲဝင်းဦး တပ်ချုပ်ဖြစ်လာတဲ့အခါ

မင်းအောင်လှိုင်က သမ္မတလုပ်ပြီး ရဲဝင်းဦးက တပ်ချုပ် ဖြစ်လာတာဟာ စစ်အုပ်ချုပ်ရေးနဲ့ မြန်မာစစ်တပ်ရဲ့ သဘာဝကတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment