Monday, May 18, 2026

ဧရာဝတီ နေ့စဉ်သတင်း 05/19/2026

ဧရာဝတီ နေ့စဉ်သတင်း — ရန်ကုန်မြို့အတွက် စစ်ကိုင်းပြတ်ရွေ့ကိုပဲ သတိထားဖို့ အကြံပြုလိုတယ်
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Tuesday, May 19, 2026

 

ဧရာဝတီ

ရန်ကုန်မြို့အတွက် စစ်ကိုင်းပြတ်ရွေ့ကိုပဲ သတိထားဖို့ အကြံပြုလိုတယ်

ရန်ကုန်မြို့ အတွက်ကို စစ်ကိုင်းပြတ်ရွေ့ကိုပဲ သတိထားဖို့ အကြံပြုလိုတယ်။ စစ်ကိုင်းပြတ်ရွေ့မှာ ၂၀၁၂ မှာ သပိတ်ကျင်းငလျင် လှုပ်တယ်။ ၂၀၂၅ မှာ ပြင်းအား ၇ ဒသမ ၇ နဲ့ လှုပ်တယ်။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ စစ်ကိုင်း ပြတ်ရွေ့ရဲ့ တောင်ဘက် စွန်းပိုင်း ဖြူးတို့၊ ၁၉၃၀ ပဲခူးငလျင်လှုပ်ခဲ့တဲ့ ပဲခူးအပိုင်းတို့ ဒီအပိုင်းတွေက လှုပ်မယ့်ငလျင်တွေ ပိုသတိထားကြရမယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ရန်ကုန်မှာ ငလျင်ကြီးအန္တရာယ် သတိထားရမယ်လို့ ပညာရှင်ပြော

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ မေ ၁၈ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အသက်ရှိကြောင်း သက်သေပြရမယ် (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ (Proof of Life) တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က ပါလီမန်ရှေ့မှာ မေလ ၁၇ ရက်နေ့က လုပ်ခဲ့ကြပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

စာသင်ကျောင်းကတဆင့် စစ်ထဲဆွဲသွင်းမယ့် စစ်တပ်ရဲ့ စီမံချက်အသစ် (ရုပ်/သံ)

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်အသစ် ဖြစ်လာပြီးတဲ့နောက် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားလူငယ်တွေကို စစ်ဝါဒရိုက်သွင်းပြီး စည်းရုံးသိမ်းသွင်းမယ့် "တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း" အစီအစဉ်သစ်တခုကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

မျိုးပြည့်

အမေရိကန်သို့ ဆန် တင်ပို့မည့် စစ်အုပ်စု၏ အစီအစဉ် ဆန်ကုန်သည်များ သံသယရှိ

မြန်မာစစ်အုပ်စုသည် အမေရိကန်ကုမ္ပဏီတခုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ အဆင့်မြင့် ပေါ်ဆန်းမွှေး ဆန်များ တင်ပို့ရန် ကြိုးပမ်းနေသော်လည်း ကုန်သည်များကမူ ထိုအစီအစဉ် လက်တွေ့ဖြစ်နိုင်ခြေအပေါ် သံသယရှိနေကြသည်။

ဆက်ဖတ်ရန် →
 

အောင်မင်းဦး

စစ်ပွဲနှင့် လူမှုသဟဇာတဖြစ်မှုကြားက ရခိုင်ပြည်

ယနေ့ ရခိုင်ပြည်တွင် အနာဂတ်ကို ဗုံးဆန်များနှင့် စစ်မျက်နှာပြင်များကသာ ပုံဖော်နေသည်မဟုတ်ဘဲ၊ အိမ်နီးချင်းများနှင့် မတူကွဲပြားသော လူမျိုးစုများကြားတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်နေသည့် တိတ်ဆိတ်သော လုပ်ငန်းစဉ်များကလည်း ပုံဖော်နေသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

တရုတ်စပွန်ဆာ ငြိမ်းချမ်းရေးဖြစ်လာမယ် (ရုပ်/သံ)

တရုတ်နိုင်ငံ ဦးစီးတဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ရှမ်းပြည်မြောက်ပိုင်းမှာ မကြာခင် ပေါ်လာမှာဖြစ်ပြီး နောက်ဆက်တွဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းလည်း ဝင်လာလိမ့်မယ်လို့ ရှမ်းပြည်သတင်းတွေကို အထူးပြုဖော်ပြနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် စိုင်းမိဏ်းက ဧရာဝတီရဲ့ ဒီတပတ်တွေ့ဆုံမေးမြန်းခန်းမှာ မှတ်ချက်ပြုပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment