နေ့စဉ်သတင်းလွှာ
Wednesday, May 20, 2026
ဧရာဝတီ
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ မေ ၁၉ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
အာဏာသိမ်းအစိုးရကသာ တရားဝင်ခွင့်ပြုမယ်ဆိုရင် စမ်းရေမိုး၊ အောင်ဇဗ္ဗူနဲ့ ဖိုးချစ်တို့လို နာမည်ကြီး ဇာတ်သဘင်ပွဲတွေကို သွားရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပေးမယ်လို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ပြောလိုက်ပါတယ်။
မျိုးပြည့်
စစ်အုပ်စု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က စစ်မှုထမ်းရမည့်သူများစာရင်း ပြုစုရာတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားလိုက်သည်။
နေ့သစ်
"စစ်ရေးအရ အကျပ်ရိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မဟာဗျူဟာအသစ်တခုကို မလွဲမသွေ ကျင့်သုံးရပါလိမ့်မယ်" ဟု ဗိုလ်ကြီးဇင်ယော်က သတိပေးသည်။
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့တောင်ဘက်ကို ဗဟိုပြုပြီး မေလ ၁၈ ရက်နေ့ မနက်ပိုင်းက ပြင်းအား ၅ ဒဿမ၂ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တာကြောင့် နောက်ဆက်တွဲငလျင်တွေနဲ့ အဆောက်အဦပြိုကျမှာကို ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို အာမခံချက်ပေးနိုင်သူကိုသာ "မိတ်ဆွေဟောင်း" အဖြစ် လေးလေးနက်နက် သတ်မှတ်လေ့ရှိတာပါ။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment