Wednesday, May 27, 2026

ဧရာဝတီ နေ့စဉ်သတင်း 05/28/2026

ဧရာဝတီ နေ့စဉ်သတင်း — တော်လှန်ရေးအင်အားစုတွေ စစ်အမိန့်တခုတည်းအောက် သွားဖို့ပြင်
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Thursday, May 28, 2026

 

ဧရာဝတီ

တော်လှန်ရေးအင်အားစုတွေ စစ်အမိန့်တခုတည်းအောက် သွားဖို့ပြင်

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ မေလ ၂၇ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ရွှေကုက္ကိုကျားဖြန့်ဆိုက်ဟောင်းများ KNA ခွင့်ပြုချက်ဖြင့် စစ်တပ် ဖြို

ထိုသို့ ဖျက်ဆီးရာတွင် KNA ခွင့်ပြုချက်ဖြင့် စစ်တပ်နှင့် ၎င်းတို့၏ ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ယန္တရား များအသုံး ပြု၍ တရက်လျှင် အဆောက်အအုံ ၂ လုံးနှုန်းဖြင့် ၄ ထပ်တိုက်ခန်း အဆောက်အအုံ ၃၀ ကျော် အပါအဝင် ကျားဖြန့်ဆိုက် ဟောင်းများကို ဖျက်ဆီးနေခြင်းဟု KNA နှင့် နီးစပ်သည့် သတင်းအရင်းမြစ်များက ပြောသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

မြေကြီးက ရွှေမသီးနိုင်တော့တဲ့ မြန်မာပြည် (ရုပ်/သံ)

တချိန်က "မြေကြီးက ရွှေသီးတဲ့ပြည်" လို့ တင်စားခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍဟာ အခုအခါမှာတော့ ဆိုးရွားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

အာဏာသိမ်းအစိုးရ ရက် ၁၀၀အတွင်း လုပ်သားနှစ်ထောင်နီးပါး အလုပ်လက်မဲ့ဖြစ်

အလုပ်သမားတဦးက “မဲဆွယ်တုန်းကတော့ လာကြတာ။ စက်မှုဇုန်မှာက မဲထည့်ရတဲ့ လုပ်သားဦးရေကများတာကို။ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပေါ့။ ရွေးကောက်ပွဲပြီးကတည်းက မလာတော့တာ။ အခုဆို အလုပ်သမား အလုပ်ရှင် ကိစ္စတွေ ရှင်းကြတော့ လာရှင်းပေးကြပါတော့လား ”ဟု ပြောသည်။

ဆက်ဖတ်ရန် →
 

စွယ်တော်

မဲခိုးတယ်ဆိုပြီး အာဏာသိမ်းသူတွေက သီချင်းခိုးတဲ့အကြောင်း

စစ်တပ်အနေဖြင့် “သွေးသစ္စာ” (အရေးကြီးပြီ) သီချင်းကို ခိုးချမှုကို ကက (ပြည်) ဟု အတိုကောက်ခေါ်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက စီစဉ်ခဲ့သည်

ဆက်ဖတ်ရန် →
 

ဧရာဝတီ

မြို့များပြန်သိမ်းသော်လည်း ကချင်ဝင်ပေါက်များ KIA နှင့် မဟာမိတ်တို့ ပိတ်ဆို့ထား

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ အင်းတော်နှင့် မော်လူးမြို့တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်တို့၏ တန်ပြန်ပြောက်ကျားစစ်ဆင်မှုကြောင့် ကချင်ပြည်နယ်ဝင်ပေါက် ဗျူဟာမြောက်လမ်းပိုင်းများတွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

အာဏာသိမ်းသမ္မတခရီးစဉ်ကို ခွင့်ပြုရင် အိန္ဒိယဝေဖန်ခံရနိုင် (ရုပ်/သံ)

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က လာမယ့် ဇွန်လမှာ အိန္ဒိယကို သွားရောက်ဖို့ ရှိနေတယ်လို့ ဒီခရီးစဥ်ကိုစီစဥ်သူနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက် WION သတင်းဌာနက မေလ ၂၃ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment