နေ့စဉ်သတင်းလွှာ
Tuesday, August 4, 2026
ဧရာဝတီ
ယခုကဲ့သို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်း၊ အာဏာသိမ်းအစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အပြုသဘောဆောင်သည့် ခြေလှမ်းများ ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်းလည်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ဆိုထားသည်။
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Arnaude de Baqque က ဩဂုတ် ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြောင်း အာဏာသိမ်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းအစိုးရ ရက် ၁၀၀ စီမံချက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို ဆွဲဆောင်နိုင်ခြင်းမရှိဘဲ နေပြည်တော်လာခဲ့တဲ့ အဖွဲ့တချို့ရဲ့ ပြည်နယ် (သို့မဟုတ်) နယ်မြေတောင်းခံမှုနဲ့ အဆုံးသတ်ခဲ့ ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြဖို့ မြန်မာပြည်သူ တွေသာမက အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အရှိန်အဟုန်နဲ့ ဆက်တိုက်တောင်းဆိုလာခဲ့ပြီးနောက်မှာ တော့ အာဏာသိမ်းအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မဖြစ်မနေ ထုတ်ပြလာရပြီ ဖြစ်ပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment