နေ့စဉ်သတင်းလွှာ
Saturday, August 8, 2026
ဧရာဝတီ
မြန်မာအာဏာသိမ်းခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ တကယ်ရရှိမလဲဆိုတာ ထိုင်းနိုင်ငံရေးသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ကောဇောနီခင်းပြီး တရားဝင်အဆင့်အတန်းနဲ့ ကြိုဆိုခဲ့တာတွေ၊ ထိုင်းဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲတွေအကြောင်းကို အာဏာသိမ်း အစိုးရထိန်းချုပ်ထားတဲ့ ဝါဒဖြန့်မီဒီယာတွေမှာ အကျယ်တဝင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြနေကြပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းများနှင့်နီးစပ်သည့် မြဝတီမြို့ခံတဦးကလည်း “မြဝတီတောင်ဘက် ဖလူးဆိုက်က တရုတ် တွေကို မြဝတီမြောက်ဘက် ရွှေကုက္ကိုတို့ သစ်ကတေဘက်တို့ကို စစ်တပ်က သယ်ပေးတာဖြစ်တယ်။ လေးကေ့ကော် မှာ ထိုင်နေတဲ့ စကခ ၁၃ ဗျူဟာမှူးက အတော်ရမှာ KK Park ရွှေ့တုန်းက တရုတ်တယောက်ကို ဘတ် ၃ သိန်း အနည်းလေး ဈေးပေါက်ခဲ့တော့ အခုလည်း တယောက် ဘတ် ၁ သိန်းနဲ့ပဲတွက်ရင် ဘတ်သန်းရာချီ ရနေပြီ”ဟု တွက်ချက်ပြသည်။
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာဏာသိမ်းအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အဂတိလိုက်စားမှုတွေ အဆမတန် များပြားလာနေပြီး ခရီးသွားပြည်သူတွေကြားမှာတော့ "ဓားပြဂိတ်" လို့တောင် အမည်တပ် ပြောဆိုနေကြပါတယ်။
အမောင်
WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဝနယ်ပြည်သူတွေကို နှစ်ပေါင်းများစွာ ကူညီခဲ့တဲ့ အစီအစဉ်တခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ရပ်တန့်လိုက်ရပါတယ်။
ဂျိမ်းရွှေ
ငါးနှစ်လုံးလုံး အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး မိသားစုကိုတောင် အသိမပေးဘဲ အကွက်ကျကျ ဖန်တီးထားတဲ့ ဒီဓာတ်ပုံရိုက်ပွဲလေး တခုဟာ သာမန် အကျဉ်းသားတယောက် ရထိုက်တဲ့ အနိမ့်ဆုံး စံနှုန်းတွေကိုတောင် မပြည့်မီပါဘူး။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment