နေ့စဉ်သတင်းလွှာ
Thursday, July 9, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်း အစီအစဉ်ကနေ ဇူလိုင် ၈ ရက်နေ့ နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
စားသုံးဆီခွဲတမ်းဖြင့် ဖြန့်ဝေမှုပုံစံကို ဆီစာအုပ်နှင့် ထုတ်ပေးနေရာမှ ယခုတပတ်တွင် သန်းခေါင်စာရင်း၌ ပါရှိသော မိသားစုအရေအတွက်အလိုက် ဖြန့်ဖြူးပေးရာ ယခင်ရရှိသည့် ပမာဏထက် လျော့နည်းသွားကြောင်း ရန်ကုန်မြို့ခံ များထံက သိရသည်။
စစ်မှုထမ်းစုဆောင်းခံရတဲ့ မိသားစုဝင်တွေရဲ့ သောကကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေကြေးလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNU က ဧရာဝတီကို အတည်ပြုပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ် လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ကသာ ကြီးစိုးထားသော လွှတ်တော်တွင် ပုဒ်မ- ၄၃၆ (ခ) အရ ပြင်ဆင်/ဖြည့်စွက်မည့် အချက်များမှာ အလွယ်တကူ ပြင်ဆင်အတည်ပြုနိုင်မည့် အခြေအနေရှိနေသည်။
မောင်ကဝိ
ရှမ်းမြောက်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းများကို အရန်အင်အားစုဝင်များအဖြစ် တိတ်တဆိတ် စာရင်းသွင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ပေါက်ကြားလာသည့် ညွှန်ကြားချက်များအရ သိရသည်။
အေးချမ်းဆု
လက်ရှိတွင် ရခိုင်စစ်မျက်နှာ၌ စစ်အုပ်စုသည် စစ်အင်အား အများဆုံးအသုံးပြုထား၏။
ရွေးကောက်ပွဲအပြီး စီးပွားရေးပြန်လည်ဦးမော့လာမှု၏ ပထမဆုံးသော သိသာထင်ရှားသည့် လက္ခဏာရပ်အဖြစ် ခရီးသွားကဏ္ဍ ဖြစ်လာလိမ့်မည်ဟု စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက မျှော်လင့်နေသည်။
ဒီတပတ် China Briefing မှာတော့ မြစ်ဆုံဆည်နဲ့ မြန်မာနိုင်ငံထဲက ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) အကောင်အထည်ဖော်နေမှု အခြေအနေတွေအကြောင်းအပါအဝင် တရုတ် မြန်မာ၊ ထူးခြားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment