Tuesday, July 28, 2026

ဧရာဝတီ နေ့စဉ်သတင်း 07/29/2026

ဧရာဝတီ နေ့စဉ်သတင်း — တပ်ချုပ်သစ်က ပြည်သူတွေကို ပိုပြီး သတ်ဖြတ်နေ
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Wednesday, July 29, 2026

 

ဧရာဝတီ

တပ်ချုပ်သစ်က ပြည်သူတွေကို ပိုပြီး သတ်ဖြတ်နေ

ဧရာဝတီရဲ့ နေ့စဉ်သတင်း အစီအစဉ်ကနေ ဇူလိုင် ၂၈ ရက်နေ့ နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

လင်းသစ်

ပေါက်တောနှင့် မင်းပြားမြို့များ ဝီရဌာနီနှင့် အဉ္ဇနပူရ ဖြစ်လာ

ပေါက်တောမြို့ကို ရဲရင့်သူများနေထိုင်ရာဟု အဓိပ္ပာယ်ရသည့် “ဝီရဌာနီ” ဟုလည်းကောင်း၊ ထိုနှစ် ဖေဖော်ဝါရီလဆန်းက အပြီးသတ်သိမ်းပိုက်ခဲ့သည့် မင်းပြားမြို့ကိုမူ ရှေးယခင် ရခိုင်မင်းများ လက်ထက် အဉ္ဇနနဒီဟု ခေါ် သည့် လေးမြို့မြစ်ကို အစွဲပြုပြီး “အဉ္ဇနပူရ” ဟူ၍လည်းကောင်း ပြောင်းလဲ အမည်ပေးလိုက်ခြင်း ဖြစ်သည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ရန်ပုံငွေမရှိလို့ STUM ရပ်လိုက်ရ

အလုပ်သမားတွေက အမှုဖြစ်လို့ ရုံးကိုရောက်လာရင်တော့ ကျမတို့က ဟင့်အင်းလို့ တော့ ငြင်းမှာ မဟုတ် ဘူး။ ရသလောက်တော့ ထွက်ရှင်းပေးမှာပဲ။ အဲဒီဝန်တွေက ကျမတို့အပေါ်မှာ ပိလာမှာ။ အခုကတော့ ရုံးပိတ်တယ်လို့ မကြေညာသေးဘူး။ ဝန်ဆောင်မှု ရပ်တယ်ပဲ ကြေညာသေးတာ။ တနေ့နေ့တချိန်ချိန်မှာ ရုံးပိတ်တယ်လို့ ကြေညာရတဲ့ အချိန် ရောက်လာကောင်း ရောက်လာနိုင်တယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

တဆွဲတပိုးသယ်ရင်း နယ်စပ်မှာ ရှင်သန်နေရသည့် မူဆယ်ဒေသခံများ

တရုတ်- မြန်မာကုန်သွယ်ရေး၏ လက်ရှိအခြေအနေက ကုန်သည်တဦးသည် မြန်မာဘက်မှ တာဝန်ရှိသူများအား သယ်ယူ ကုန်ပမာဏပေါ် လိုက်၍ ကျပ်သိန်း ဆယ်ဂဏန်းခန့် ပေးကာ မူဆယ်ဂိုဒေါင်အရောက် လူအင်အားအများအပြားဖြင့် ခွဲသယ်ကာ ထိုမှတဆင့် မန္တလေးနှင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ ဆက်လက် ပို့ဆောင်နေခြင်း ဖြစ်သည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

တော်လှန်ရေးအင်အားစုတွေ SCEF နဲ့ ပူးပေါင်းကြမလား (ရုပ်/သံ)

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်း အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအစုအဖွဲ့ပေါင်း ၁၁ ဖွဲ့နဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် နိုင်ငံရေးအစီအစဉ်တွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

မီဒီယာပေါ်က စစ်ဝါဒမှိုင်းနှင့် အတွေးအခေါ် တော်လှန်ရေး (ရုပ်/သံ)

စစ်တပ်ဝါဒဖြန့်မှုကို တိုက်ဖျက်တာဟာ စစ်တပ်ထုတ်သတင်းစာကို မဖတ်ရုံနဲ့ မပြီးပါဘူး။ စစ်တပ်အရောင်ကို ဖုံးထားတဲ့ စာပေကို ဖော်ထုတ်ရမယ်။ စစ်တပ်အကြိုက် သမိုင်းကို ပြန်မေးခွန်းထုတ် ဆန်းစစ်ရမယ်။ မဟုတ်ရင် စစ်တပ်ဟာ စစ်မြေပြင်မှာ ရှုံးရင်တောင် စာအုပ် စာပေတွေထဲမှာ ဆက်နိုင်နေဦးမှာပဲ။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ပြည်သူကို ဗုံးကြဲနေတဲ့ တိုက်လေယာဉ်ထဲက အင်းကွက်တွေ (ရုပ်/သံ)

အခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရုရှားဘာသာနဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံဗီဒီယိုတခု ပျံ့နှံ့နေပြီး အဲဒီဗီဒီယိုထဲမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်မှူး အခန်းအတွင်း ထူးဆန်းတဲ့ သင်္ကေတတွေပါတဲ့ အဆောင်လက်ဖွဲ့တွေကို ချိတ်ဆွဲထားတာ တွေ့မြင်ခဲ့ရကြောင်းဖော်ပြထားပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment