နေ့စဉ်သတင်းလွှာ
Friday, July 24, 2026
ဧရာဝတီ
စစ်မှုထမ်းဆင့်ခေါ်ခံရပြီးနောက် တခြားဒေသတွေကို တိမ်းရှောင်သွားကြသူတွေရဲ့ နာမည်စာရင်းကို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေဆီ ပေးပို့ထားပြီး ပြန်လည်ဖမ်းဆီးစုဆောင်းဖို့ ညွှန်ကြားထားတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်တဦးက “ပွင့်ပွင့်လင်းလင်းပြောရင် ဒါက သူတို့ငါးစာပစ်တဲ့ သဘောမျိုးပါ။ တရုတ်က မြန်မာပြည်ဘက်က သူတို့လိုချင်တဲ့ သူဌေးကြီးတွေ လာအောင်လို့ လုပ်တာ။ မြန်မာဘက်က သွားတဲ့သူထဲမှာ သူတို့လိုချင် တဲ့ ကျောက်သမားရှိရင် ကျားဖြန့်နဲ့ပတ်သက်တာ မပတ်သက်တာနောက်မှထား၊ အရင်ဆွဲ ထောင်ဖမ်းမယ့် အစီအစဉ်တွေ အသံတွေ ထွက်နေတယ်” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး ကျောက်ခက်ဒေသရှိ ကျားဖြန့်တို့ကို အမေရိကန်က ဒေါ်လာသန်းဆယ် ချီ ဆုငွေထုတ်ထားပြီး ထိုင်းဘက်ခြမ်းကပင် အလွယ်တကူမြင်တွေ့နေရသဖြင့် နိုင်ငံတကာဖိအား လျော့နည်းစေရန် ရွှေ့ခိုင်းခြင်းဖြစ်နိုင်ကြောင်း DKBA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။
မေသင်္ကြန်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်လာခဲ့သည်။
Michael Stott
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့တွင် အစိုးရများကို စိန်ခေါ်ခဲ့သည့် Gen Z ဆန္ဒပြပွဲများကဲ့သို့ အိန္ဒိယတွင်လည်း ထပ်မံဖြစ်ပွားလာမလား
ကချင်ပြည်နယ်မှာ လျှပ်စစ်မီးလုံလောက်ဖို့နဲ့ တနိုင်ငံလုံး မီးလင်းရေးအတွက်ဆိုပြီး ရပ်တန့်ထားတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ဖို့ အာဏာသိမ်းအစိုးရက အရှိန်အဟုန်မြှင့် စည်းရုံးနေတာကိုတွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ်တာကာလအတွင်း သူပြောကြားခဲ့တဲ့ မိန့်ခွန်းတွေနဲ့ အစည်းအဝေး ပြောဆိုချက်တွေမှာ မြေပြင်လက်တွေ့အခြေအနေနဲ့ လုံးဝကွဲလွဲနေတဲ့ အကြောင်းအရာတွေ ကိုသာ ထပ်တလဲလဲ ပြောဆိုနေတာ တွေ့ရပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment