နေ့စဉ်သတင်းလွှာ
Wednesday, July 15, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ ငါးအိုး-ရွှေကူ ကားလမ်းမကြီးအပါအဝင် ပတ်လမ်းနဲ့ ကွင်းလမ်းတွေကိုပါ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့က နှစ်ပတ်ကျော်ကြာအောင် အကုန်လုံး ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်းတွေ ထိုးတက် နေပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က အသက်သွင်းလိုက်ပြီးတဲ့နောက် နိုင်ငံတွင်း နေရာအတော်များများမှာ စစ်မှုထမ်းသက် အကြုံးဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ပြန်လည်ရောင်းစားတဲ့စနစ် ထွန်းကားလာပါတယ်။
"ကျနော်တို့က ဒီတော်လှန်ရေးကို လက်ဗလာနဲ့ စခဲ့တာ။ အခုတော့ ကျနော်တို့မှာ လက်နက်တွေရော၊ တပ်ဖွဲ့ဝင်တွေရော ရှိနေပြီ"
တံခါးပိတ်အစည်းအဝေးအတွင်း လေထုမှာ တင်းမာမှုရှိသော်လည်း လုပ်ငန်းစဉ်အရ အဆင်ပြေခဲ့ကြောင်း သိရသည်။
ရခိုင်စစ်မျက်နှာတွင် စစ်တွေ၊ ကျောက်ဖြူ၊ နတ်ရေကန်၊ ညောင်ကျိုး၊ ဧရာဝတီစစ်မျက်နှာ၊ မင်းတုန်းစစ်မျက်နှာ ခြောက်ခုလုံးတွင် မြန်မာစစ်တပ်က အင်အားအလုံးအရင်း အသုံးပြုထားပြီး စစ်မျက်နှာတခုလျှင် အင်အားထောင်ဂဏန်း၊ များလျှင် ၂၀၀၀ မှ ၃၀၀၀ အထက် အသုံးပြုထား၏။ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်း ပူးပေါင်းအသုံးပြုသည်ကို ရခိုင်စစ်မျက်နှာတွင်သာ တွေ့ရ၏။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment