Tuesday, June 2, 2026

ဧရာဝတီ နေ့စဉ်သတင်း 06/03/2026

ဧရာဝတီ နေ့စဉ်သတင်း — AA မပါဘဲ ကုလားတန်စီမံကိန်း အကောင်ထည်ဖော်လို့ရမလား (ရုပ်/သံ)
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Wednesday, June 3, 2026

 

ဧရာဝတီ

AA မပါဘဲ ကုလားတန်စီမံကိန်း အကောင်ထည်ဖော်လို့ရမလား (ရုပ်/သံ)

အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင်တို့ ဆွေးနွေး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ပထဝီနိုင်ငံရေးကြောင့် မြန်မာနဲ့ ဆက်ဆံနေရတာလို့ အိန္ဒိယပြော

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန်လ ၂ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

နွေနေ

ရေငတ်တုန်း ရေတွင်းထဲကျသွားသည့် မင်းအောင်လှိုင်၏ အိန္ဒိယခရီး

စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်အဖို့ အိန္ဒိယခရီးစဉ်မှာ ရေငတ်တုန်း ရေတွင်းထဲကျသည့် အနေအထားမျိုး ဖြစ်သည်။

ဆက်ဖတ်ရန် →
 

လင်းသစ်

စစ်တွေနှင့် ကျောက်ဖြူရေတပ်စခန်းများအနီး တိုက်ပွဲပိုပြင်းထန်လာ

စစ်တွေတောင်ဘက် ဘင်္ဂလားပင်လယ်ဝနှင့် အရှေ့ဘက် ကုလားတန်မြစ်ဝ၌ နေရာယူထားသည့် စစ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့်ပစ်သလို ရွှေမင်းဂံ(ချောင်းနွယ်) ရေတပ်ထောက်ပံ့ရေးစခန်းနှင့် ကျားမသောက်တပ်ရင်းတို့၏ ရှေ့ကာ စခန်းများကိုလည်း တိုက်ခိုက်နေသဖြင့် ရေတပ်သင်္ဘောများက အမြောက်ဖြင့် အပြန်အလှန်ပစ်ခတ်ရာ တိုက်ပွဲပြင်းထန်နေ ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (ရုပ်/သံ)

၁၉၆၃ ခုနှစ်က အာဏာသိမ်းအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်ယူစဉ်က တော်လှန်ရေးအဖွဲ့များက ယင်းကို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း” ဟု အံဝင်ခွင်ကျ တင်စားခဲ့ကြပြီး ငြိမ်းချမ်းရေးအပေါ် စစ်တပ်၏ လှည့်စားတတ်သော မရိုးသားသည့် ချဉ်းကပ်မှုကို ဖော်ထုတ်ခဲ့ကြသည်။ လှည့်စားမှုဖြစ်ကြောင်း သိရှိကြသော်လည်း တော်လှန်ရေးအဖွဲ့အများစုမှာ စစ်တပ်၏ ထောင်ချောက်အတွင်းသို့ အကြိမ်ကြိမ် ပြန်လည်ပိတ်မိခဲ့ကြရသည်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment