နေ့စဉ်သတင်းလွှာ
Thursday, June 25, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန်လ ၂၄ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
အာဏာသိမ်း အစိုးရ အပြည့်အဝ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်လို မြို့ကြီးတွေဆီကို ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက် လုပ်ကိုင်နေပြီလို့ ကျားဖြန့်အရေး အထူးလေ့လာ စောင့်ကြည့်နေသူတွေက သတိပေးလိုက်ပါတယ်။
မိန်းမတယောက်ရဲ့ ဒီကာလအတွင်းမှာ ဖြတ်သန်းခဲ့တဲ့ အောင်မြင်ကျော်ကြားခါစအချိန် အောင်မြင်ကျော်ကြားမှုတွေကို ပစ်ချခဲ့ပြီးတော့ ဒုက္ခခံခဲ့ရတဲ့အကြောင်းတွေ တွေ့ရလိမ့်မယ်။ သူနဲ့အတူတူ အောင်မြင်မှုတွေကို ကျောခိုင်းခဲ့ရတဲ့ လူငယ်တယောက်ကိုလည်း တွေ့ရမယ်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအနီးမှာ ထောက်ပို့ ပစ္စည်းတွေနဲ့ လူအင်အား လာရောက်ပို့ဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
Marawaan Macan-Markar
အရှေ့တောင်အာရှရှိ ဒေါ်လာဘီလီယံချီတန်သော တရုတ်ဦးဆောင်သည့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ နှိမ်နင်းခံရပြီးနောက်၊ ၎င်းတို့သည် ဆွဲဆောင်မှုရှိသော နေရာတခုဖြစ်သည့် သီရိလင်္ကာကျွန်းနိုင်ငံအတွင်းသို့ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ လာရောက်အခြေစိုက် လုပ်ကိုင်လာကြသဖြင့် သီရိလင်္ကာရဲတပ်ဖွဲ့နှင့် အကောက်ခွန်အရာရှိများသည် စိန်ခေါ်မှုအသစ်တခုနှင့် ရင်ဆိုင်နေရသည်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment