နေ့စဉ်သတင်းလွှာ
Friday, June 12, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
လင်းသစ်
နာရီကန်ရွာအနီးတိုက်ပွဲများကြောင့် စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ အရာရှိများနှင့် မိသားစုဝင်များအား မြို့ထဲရှိ တပ်ရင်းများဆီ ရွှေ့ပြောင်းထားကာ တပ်မိသားစုဝင်များအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကိုလည်း ပိတ်ထား ကြောင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ပဘာ
အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များမဏ္ဍိုင်ကို သီးခြားထည့်သွင်းနိုင်ရေး အတွက် ဖွဲ့စည်းရန် လက်တွေ့အကောင်အထည်ဖော်ရာတွင် အားနည်းချက်/အခက်အခဲများကို စတင်တွေ့မြင်လာရပြီ
ဖိုးတာ
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်ကတည်းက ILO ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။
မေရီခိုင်
၁၃၆၀ ကီလိုမီတာရှည်သည့် အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံချိတ်ဆက်လမ်းမကြီးသည် မဏိပူရပြည်နယ် မိုရေးမြို့မှ စတင်ကာ မြန်မာဘက်ခြမ်းမှ တမူး၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့တို့ကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဝင်မည်ဖြစ်သည်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment