နေ့စဉ်သတင်းလွှာ
Friday, June 26, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
"ထောက်ပို့ဟာ တော်လှန်ရေးရဲ့အသက်" လို့ ဆိုကြပါတယ်။ ရှေ့တန်းက ရဲဘော်တယောက်ရဲ့ သေနတ်က ကျည်ထွက်ဖို့၊ ဗိုက်ဝဖို့နဲ့ ဒဏ်ရာရရင် ဆေးကုသနိုင်ဖို့ဆိုတာ နောက်တန်းက ထောက်ပို့တွေရဲ့ ကြိုးပမ်းမှုမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
မွန်ပြည်နယ်အတွင်းက အာဏာသိမ်းစစ်တပ် ထိန်းချုပ်ရာဒေသတွေမှာ "အာဝါဒေး" လို့ခေါ်တဲ့ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပေမယ့် အရေးယူဆောင်ရွက်တာမျိုး မရှိလို့ ဒေသခံတွေက စိတ်ပျက်နေကြပါတယ်။
မောင်ကဝိ
မြန်မာနိုင်ငံအတွင်း EV များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြရန် စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ၎င်း၏ ဝန်ကြီးများကို ညွှန်ကြားလိုက်သည်။
လက်ရှိ ဗိုလ်ဘိအဖွဲ့သည် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မင်းလက်ပံ၊ ဖလူးဒေသစစ်မျက်နှာသို့ ရောက်ရှိနေ သည်မှာ ၄ ရက်ခန့်ရှိပြီး အင်အားထောင်ချီ ရှိကြောင်း သိရသည်။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယနယ်စပ်အတွက် အရေးပါတဲ့ သုံးနိုင်ငံ ချိတ်ဆက်လမ်းမကြီး ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ပြီးနောက် တမူး- ကလေးလမ်းကို စစ်ဆင်သလို ကလေး၀- မုံရွာ လမ်းကိုလည်း တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စွယ်တော်
နေပြည်တော်စစ်ရုံးအပါအဝင် စစ်ဘက်ရုံးဌာနများနှင့် စရဖလိုတပ်များတွင် တာဝန်ကျနေသည့် အရာရှိ/စစ်သည်အများစုမှာ အနေအစား မပျက်ကြပေ။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်ခံနေရတဲ့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေဟာ အလှူအတန်းတွေကို လုပ်ပြနေပြီး လူမှုကွန်ရက်တွေပေါ်မှာ ခပ်စိပ်စိပ် ထုတ်ပြန်နေကြတာတွေ့ရပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment