နေ့စဉ်သတင်းလွှာ
Tuesday, June 16, 2026
ဧရာဝတီ
ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန် ၁၅ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။
ဆောင်းဘောက် အတွဲလိုက်ဖွင့်တဲ့ ဆူညံသံတွေကြောင့် ပြည်သူတွေကျန်းမာရေး ထိခိုက်တာ အနှောင့်အယှက်ဖြစ်နေတာတွေကို အရေးယူမယ်လို့ အာဏာသိမ်းအစိုးရရဲ့ မွန်ပြည်နယ်လွှတ်တော် က အတည်ပြုလိုက်ပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ အခု ဇွန်လထဲမှာ တွေ့ဆုံဖို့ရှိတယ်လို့ မိုင်းလားဘက်က ဧရာဝတီကို အတည်ပြုပါတယ်။
မန္တလေးမှ အစ္စလာမ်ဘာသာဝင်များသည် ယခုနှစ် ဝါကျွတ်အီးဒ်၊ ကုရ်ဘာနီအီးဒ်များအား ပြိုကျပျက်စီးခဲ့သည့် ဗလီများ တွင် ပြုလုပ်ခွင့် မရခဲ့ကြသလို ငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှ ယနေ့အထိ ဗလီရှေ့မြေကွက်လပ်၌ ဝတ်ပြုနေရပြီး အချို့မှာ လမ်းများပေါ်တွင် ဝတ်ပြုနေရကြောင်း အစ္စလာမ်ဘာသာဝင်များက ဆိုသည်။
ဝတ်ရည်ခိုင်မာ
တရုတ်အရေးနှင့်ပတ်သက်၍ လူသိများသည့် ဝေဖန်သုံးသပ်သူတဦးကို တရုတ်တို့ ဖမ်းဆီးပြခြင်းမှာ တရုတ်တို့၏ ဆိုရိုးအရ "မျောက်ကြောက်အောင် ကြက်သတ်ပြခြင်း" ဖြစ်သကဲ့သို့ တရုတ်နယ်စပ်အရေးတွင် တရုတ်တို့ သုံးနှုန်းလေ့ရှိသည့် "ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမခြင်း" ဖြစ်ပေလိမ့်မည်။
ဧရာဝတီရဲ့ ဒီတပတ်ဆွေးနွေးခန်းမှာတော့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ
သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်
The Irrawaddy · Chiang Mai, Thailandစာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်
No comments:
Post a Comment