Friday, June 19, 2026

ဧရာဝတီ နေ့စဉ်သတင်း 06/20/2026

ဧရာဝတီ နေ့စဉ်သတင်း — “ဝ”၊ မိုင်းလားနဲ့ NSPNC တို့ ဘာတွေ ဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Saturday, June 20, 2026

 

ဧရာဝတီ

“ဝ”၊ မိုင်းလားနဲ့ NSPNC တို့ ဘာတွေ ဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) က ဇွန်လ ၁၇ ရက်နေ့မှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)၊ ဇွန်လ ၁၈ ရက်နေ့မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တို့ကို သွားရောက်တွေ့ဆုံခဲ့ပြီး အလွတ်သဘောဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ NDAA က ဧရာဝတီကို အတည်ပြုပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

မွေးနေ့ဆိုတာကို မမေ့ပါဘူး (ရုပ်/သံ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အသက်ရှိကြောင်းသက်သေပြ ပေးဖို့ Proof Of Life လှုပ်ရှားမှု၊ နှင်းဆီလှုပ်ရှားမှုတွေအပြင် တခြားသော လှုပ်ရှားမှုတွေကို နိုင်ငံအသီးသီးမှာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ကမ္ဘာ့နိုင်ငံတွေ အလေးထားဆုတောင်းပေးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန် ၁၉ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ပြည်သူရှိရင် ပါတီရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှင်သန်နေကြဆဲပါ

ပြည်သူထောက်ခံမှု မရတော့ နိုင်ငံသယံဇာတနဲ့ ဂုဏ်သိက္ခာကို ချနင်းပြီး အိမ်နီးချင်းနိုင်ငံတွေ အသိအမှတ်ပြုခံရအောင် ကြိုးစားနေတာဟာ တိုင်းပြည်အတွက် နစ်နာလွန်းလှပါတယ်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံရေးတရားဝင်မှုရှိတယ် ဆိုတာကို မသိတာ တော်တော်ဆိုးဝါးလှတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ရန်ကုန်- ပြည်- မန္တလေးလမ်း ချဲ့ရန် တံတားဦး၌ အိမ်များ ဖျက်ခိုင်း

တံတားဦး မြို့ခံတဦးက “အမြန်လမ်းကနေ တံတားဦးအဝင်ကနေ လမ်းအလယ်ကနေ တဖက်ကို ၇၅ ပေဆိုပြီး စာတွေ ထုတ်ထားတာ။ အခုထိတော့ ဘယ်သူမှ ဖျက်တာ ဆုတ်ပေးတာမျိုးတော့ မရှိသေးဘူး၊ ဘယ်လိုလာဦးမလဲ မသိဘူး၊ သူတို့ ကိုယ်တိုင်ဆင်းပြီး ပေတိုင်းတာပြီးတော့ သတ်မှတ်ပေအတွင်း ရှိနေတဲ့အိမ်တွေကို ဖျက်ခိုင်းသွားတယ်။ စိုးရိမ်ပူပန်မှုတွေ တော်တော်ဖြစ်နေကြတယ်ဗျာ” ဟု ပြောသည်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

မြန်မာအရေးတွင် တရုတ် ပိုပြီး ဇက်ရဲလက်ရဲဖြစ်လာနေသည် (ရုပ်/သံ)

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်း ၂၀၂၃/၂၀၂၄ မှစ၍ တရုတ်အစိုးရသည် မြန်မာနိုင်ငံရေးတွင် ပို၍ ဇက်ရဲလက်ရဲ ပါဝင်လာသည်။ တရုတ်တို့၏ အကျိုးစီးပွားပေါ် အခြေခံသည့် မူဝါဒ၊ ပေါ်လစီနှင့် မကိုက်ညီသူများကို ဖယ်ရှားအရေးယူမှုများ၊ ဖမ်းဆီးခြိမ်းခြောက်မှုများကို ပြုလုပ်လာပြီး မြန်မာ့နိုင်ငံရေးကို တရုတ်တို့ လိုသလို ပုံဖော်ရန် ကြိုးစားလာသည်ကို တွေ့နေရ၏။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

နိုင်ငံကို အရှက်ခွဲတဲ့ ပညာမဲ့ဗိုလ်ချုပ်များ

စစ်ဗိုလ်ချုပ်တွေရဲ့ ဆင်ခြင်တုံတရားမဲ့မှုနဲ့ ရူးသွပ်တဲ့ လုပ်ရပ်တွေက တိုင်းပြည်ကို ဘယ်လို ချောက်ထဲတွန်းပို့ခဲ့လဲ။ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ အရှက်ကွဲရလောက်အောင် သူတို့ ဘယ်လောက်အထိ ပညာမဲ့ခဲ့လဲ ဆိုတာ ဒီတပတ် Opinion Talk မှာ အယ်ဒီတာကျော်စွာမိုးက ဆွေးနွေးထားပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

စစ်အာဏာရှင်တွေ ဝှက်ထားတဲ့ မွေးနေ့ရှင် (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ရဲ့ အငြိုးတကြီး ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment