Friday, June 12, 2026

ဧရာဝတီ နေ့စဉ်သတင်း 06/13/2026

ဧရာဝတီ နေ့စဉ်သတင်း — နေပြည်တော်က အသံတိတ်အားပြိုင်မှု (ရုပ်/သံ)
 
The Irrawaddy

နေ့စဉ်သတင်းလွှာ

Saturday, June 13, 2026

 

ဧရာဝတီ

နေပြည်တော်က အသံတိတ်အားပြိုင်မှု (ရုပ်/သံ)

နေပြည်တော်မှာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ သူ့ရဲ့လူယုံ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် ဝါရင့်ပါတီဦးဆောင်သူတွေကြားအသံတိတ်အားပြိုင်မှုတွေရှိနေတဲ့အကြောင်း သူတို့နဲ့နီးစပ်တဲ့ နိုင်ငံရေးသမားတွေက ပြောကြပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို ဖမ်းဆီးတဲ့အကြောင်း တရုတ်ထုတ်ပြော

ဧရာဝတီရဲ့ နေ့စဉ်သတင်းအစီအစဉ်ကနေ ဇွန် ၁၂ ရက်နေ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

FIFA က မြန်မာစစ်တပ် ရာဇဝတ်မှုကျူးလွန်ဖို့ ကူညီလိုက်ပြီလား (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ငွေကြေးနဲ့ နည်းပညာထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရတဲ့ Mytel အုပ်စုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ မြန်မာနိုင်ငံမှာပြသဖို့ မူပိုင်ခွင့် ပေးအပ်လိုက်ပါတယ်။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

တရုတ်အစိုးရက ဦးမင်းဇင်အား သူလျှိုမှုဖြင့် သံသယရှိ၍ ဖမ်းထားကြောင်း အတည်ပြု

အမေရိကန်နိုင်ငံသား ခံယူထားသည့် တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေးဆိုင်ရာ လေ့လာ ဆန်းစစ်သူ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ် ၌တရုတ်အစိုးရက ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီက ရရှိသည့် သတင်းအရ ယူနန်တက္ကသိုလ်မှ ပညာရှင်တဦးက ဦးမင်းဇင်ကို ဖိတ်ကြားခဲ့ပြီးနောက် သွားရောက်စဉ် ဇွန်လ ၃ ရက်က ကူမင်းလေဆိပ်အဝင်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်ဖတ်ရန် →
 

Quentin Sommerville

စစ်အာဏာရှင် တော်လှန်ရေး မြန်မာ့တောနက်ထဲမှာ

ဘီဘီစီ သတင်းဌာနသည် စစ်အာဏာပိုင်များ၏ ခွင့်ပြုချက်မပါဘဲ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ တော်လှန်ရေးနယ်မြေဒေသက အခြေအနေများကို သိရဖို့ ဒီနည်းလမ်းတခုပဲ ရှိသည်။

ဆက်ဖတ်ရန် →
 

အောင်ဇော်

မင်းအောင်လှိုင် မိသားစုပိုင် စီးပွားရေးလုပ်ငန်းစုကြီး

မင်းအောင်လှိုင်နှင့် ၎င်း၏ မိသားစုဝင်များသည် မည်မျှအထိ ချမ်းသာကြသနည်း။

ဆက်ဖတ်ရန် →
 

ဧရာဝတီ

ပေါက်ကြားလာတဲ့ ခြေဥပြင်ဆင်ရေး (ရုပ်/သံ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီအစုအဖွဲ့တွေနဲ့ သဘောတူညီချက် ၄၃ ချက် ရရှိထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုနေပေမယ့် ဒီအချက်အလက်တွေကိုတော့ အများပြည်သူသိရှိအောင် တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
 

လွတ်လပ်သတင်းမီဒီယာကို ထောက်ပံ့ပါ

သင့်အလှူငွေက ဧရာဝတီကို ဆက်လက်ရပ်တည်နိုင်စေပါသည်

လှူဒါန်းရန်
 
Facebook · Twitter · Website

The Irrawaddy · Chiang Mai, Thailand
စာရယူခြင်းပယ်ဖျက်ရန် · ကိုယ်ရေးအချက်အလက်ပြင်ရန် · မိတ်ဆွေထံပို့ရန်

No comments:

Post a Comment