သာထက်အောင် - စီးကရက်ခဲ သေပွဲမဝင်ရအောင် (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄ ဒီနှစ် စက်တင်ဘာလတစ်ရက်နေ့ကစပြီး သြစတြေးလျမှာ- စီးကရက်ကို အခွန် ၁၂.၅ ရာခိုင်နှုန်း တိုးကောက်လိုက်ပါတယ်၊ နဂိုကတည်းက ဈေးအသက်သာလှတဲ့ စီးကရက်ဟာ ခုလို အခွန်ုတိုးကောက်လိုက်တော့ ဈေးကြီးကုန်ပါပြီ၊ ၂၀လိပ်ဝင်စီးကရက် တစ်ဗူးကို ၁၉ဒေါ်လာကျော်ကျော် ဒေါ်လာ၂၀နီးပါးပေးသောက်ရမှာမို့ စီးကရက်တစ်လိပ်ရဲ့တန်ဖိုးဟာ ၁ဒေါ်လာလောက်ရှိပါတယ်၊ တချို့တံဆိပ်တွေက ဒီထက်ပိုတဲ့အတွက် အဖျင်းဆုံးလက်ထဲ ဒေါ်လာ ၂၀ မရှိပဲနဲ့ စီးကရက်သောက်ဖို့ စိတ်မကူးနဲ့တော့။ လက်လီတစ်လိပ်ချင်းလည်း ရောင်းလေ့ရှိတဲ့ နိုင်ငံမဟုတ်တော့ စီးကရက်ကြိုက်သူတွေအဖို့ ခေါင်းခဲစရာပြသနာပေါ့လေ။ အစိုးရကဘာ့ကြောင့် စီးကရက်အပေါ်မှာ အခွန်တိုးကောက်ရသလဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ လူတွေ စီးကရက်မသောက်စေချင်လို့။ ဖြစ်နိုင်ရင် ဖြတ်ကြဖို့။ တနှစ်တနှစ်စီးကရက်သောက်ပြီး အဆုတ်ကင်ဆာနဲ့ သေတဲ့စာရင်းမလည်း အကျမရှိ၊ အတက်ချည်းဆိုတော့.. ဒီလိုမှမလုပ်ရင် […]
Read more of this post
No comments:
Post a Comment