ကျော်မောင်(တိုင်းတာရေး) - ၃၆နှစ် ကျွန်တော်နှင့် နှစ်၃၀ အတွေးအမြင် (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄ စင်ကာပူတွင် ကျွန်တော် အလုပ်လုပ်ပါသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာသံရုံး (စင်ကာပူ) ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အသွား အိမ်က မထွက်မီ စာအုပ်စင်က အတွေးအမြင်စာစောင် နှစ်အုပ်ဆွဲခဲ့သည်။ ကြည့်မိလိုက်တော့ (၂၀၁၄) ဖေဖေါ်ဝါရီလထုတ် အမှတ်စဉ်(၂၆၃) နှင့် (၂၀၁၄) စက်တင်ဘာလထုတ် အမှတ်စဉ်(၂၆၉) တို့ ဖြစ်သည်။ စင်ကာပူရောက်စတွင် အတွေးအမြင်စာစောင်ကို ရန်ကုန် လှည်းတန်းရှိစာအုပ်ဆိုင် တဆိုင်ဆိုင် (သို့မဟုတ်) ပန်းဆိုးတန်းရှိစာအုပ်ဆိုင် တဆိုင်ဆိုင်မှ အကိုနှင့်ညီအငယ်က ၀ယ်ယူကာ လူကြုံဖြင့် တကူးတကပို့ပေးသည်။ လွန်ခဲ့သော နှစ်နှစ်နီးပါးမှ စတင်ကာ ပင်နီစူးလားပလာဇာမြေညီထပ်ရှိ "ဒဏ္ဍာရီ" ဆိုင်၏ ကျေးဇူးကြောင့် […]

Read more of this post