အရှင်ကုသလသာမိ (အတည်မဲ့) - အာဖရိကရဟန်းတော် ဗုဒ္ဓရက္ခိတနှင့် တွေ့ဆုံခြင်း (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၄ အာဖရိကဆိုတာ ဗုဒ္ဓဘာသာနဲ့ အလွန်ကို မနီးစပ်တဲ့ အမည်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အာဖရိကရဟန်းတစ်ပါးဟာ အင်တာနက်စာမျက်နှာများပေါ်မှာ ပျံ့နှံ့နေခဲ့လို့ သူ့ကို အမှတ်ထင်ထင် တွေ့သိခဲ့ရပါတယ်။ သူ့အကြောင်းကို စိတ်ဝင်စားလို့ ၀က်ဘဆိုက်တွေကနေ လိုက်ကြည့်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့အကြောင်းတစ်စိတ်တစ်ဒေသကို ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်လေးကိုပါ ကြည့်လိုက်ရတယ်။ စာရေးသူသာမက အဆိုပါ ဗွီဒီယိုလေးကို ကြည့်မိသူတိုင်း အံ့သြ၀မ်းသာ ဖြစ်ကြရတယ်။ စာရေးသူရဲ့ ဖေ့စဘွတ်မှာလည်း ထိုဗွီဒီယိုလေးကို မျှဝေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃-ပတ်လောက်က ပီနန်ကျွန်းက စာရေးသူကို မိခင်တစ်ယောက်လို အမြဲကူညီပေးတတ်တဲ့ (ဒေါ်)၀ိသာခါက ယူဂန္ဓာနိုင်ငံက အာဖရိကရဟန်းတစ်ပါး ပီနန်ကျွန်းကို ကြွပြီး တရားဟောမယ်လို့ […]

Read more of this post