သက်ခိုင် - ပွဲဖျက်အောင်ဖေ၊ ထောင်တလနဲ့ အထူးလုပ်ငန်း စက်တင်ဘာ ၃၀၊ ၂၀၁၄ (၁) မိုးကပါးသွားပြီဆိုပေမယ့် ဖျောက်ဆိပ်တော့ ရွာနေသေးတယ်၊ တရက်တော့ မိုးတွင်းတတွင်းလုံး ရွာထားလို့ အချို့မြေတွေက နူးကုန်တာ လည်း ပါမယ်ထင်ပါရဲ့။ စခန်းထဲကအပင်အကြီးကြီးတခု လဲကျပါလေကော။ အဲဒီညနေက မွန်ခရိုင်စခန်းမှာ ဘောလုံးပြိုင်ပွဲရှိနေလို့ စခန်းကဘောလုံးကန်မယ့် ရဲဘော်တွေကော လိုက်ပါအားပေးမယ့်သူတွေကော ကိုလွင်ဦး ဦးဆောင်ပြီး ဒီပီအေစခန်းမှာ သွားအိပ်ကြတယ်။ စခန်းမှာ ကျန်ခဲ့တာဆိုလို့ ရုံးအပေါ်က အခန်းတခန်းမှာ တူတူအိပ်တဲ့ ကိုစိုးမင်းနဲ့ ထွန်းလွင်၊ ဒီဘက်ဘားတိုက်မှာကြတော့ အောင်ဖေ၊ ဖေသန်းနဲ့ ကိုသိန်းစိုး တို့လောက်ပဲကျန်တယ်။ အဲဒီည ၇ နာရီ ၈ နာရီလောက်မှာ အောင်ဖေတို့လည်း လူမရှိဘူးဆိုတော့ စောစောအိပ်ကြမယ်ပေါ့လေ၊ အောင်ဖေ့စိတ်ထဲ လူက လည်းနည်းတယ်၊ စိတ်ထဲလည်း […]
Read more of this post
No comments:
Post a Comment