Photo - MoeMaKa ၀ါရင့်နိုင်ငံရေးသမားကြီး ၀ါးခယ်မသခင်သိန်းမောင် ကွယ်လွန် (ကိုတင်အေး)၊ စက်တင်ဘာ ၂၈၊ ၂၀၁၄ ဝါးခယ်မ သခင်သိန်းမောင်ဟာ ၂၇-၉-၂ဝ၁၄ နေ့မှ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားပြီးဖြစ်ပါသည်။ ဝါးခယ်မ သခင်သိန်းမောင်ကို ၁၉၁၉ ခုနှစ်မှာ ဝါးခယ်မမြို့မှာ မွေးဖွားခဲ့ပြီး၊ အထက်တန်းအထိ ပညာသင်ကြား ခဲ့ပါတယ်။ ထို့နောက် ၁၉၃၈-၃၉ ခုနှစ်တွင် သခင်သန်းထွန်းနှင့် ဆရာကွန်းတို့ ကျောင်းဆရာလုပ်သော ရန်ကုန်မြို့ ကန်တော်ကလေးရှိ ဗမာမွတ်ဆလင်ကျောင်းတွင် အထက်တန်းပညာဆက်လက်သင်ကြားခဲ့ပြီး ၁၃ဝဝ ပြည့်အရေး တော်ပုံတွင် ပါဝင်ခဲ့တယ်။ ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးကာလအတွင်း အရေးတော်ပုံမြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ သခင်ဗိုလ် ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ လျှို့ဝှက်စွာ ထုတ်ဝေဖြန့်ချိခဲ့တယ်။ ၁၉၄၈ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားသင်းကြေညာပြီးသည့်နောက်တွင် သာယာဝတီထောင် တွင် ဖမ်းဆီးထိန်းသိမ်းကာ […]
Read more of this post
No comments:
Post a Comment