မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့် အောင်ဒင် - အပိုင်း (၇၇) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (ဃ) #နိုင်ငံပိုင် စက်ရုံများ၊ အဆောက်အအုံများကို ပုဂ္ဂလိကသို့ ငှါးရမ်းရာတွင် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ ဈေးကွက်စီးပွါးရေးစနစ်အရ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများကို အရေအတွက်အားဖြင့် လျှော့ချပြီး ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ရှင်သန်အောင်မြင်ရေး အားပေးကူညီရပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေ တိုးပွါးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ခြင်းမပြုတော့တဲ့ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ၊ အဆောက်အအုံများ ၊ မြေနေရာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ စာချုပ်ချုပ်ဆိုငှါးရမ်းရပါတယ်။ ဒါပေမည့် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်အကြား ချုပ်ဆိုတဲ့ စာချုပ်များက မခိုင်မာ၊ မတိကျတဲ့အခါ၊ အစိုးရဘက်က ပုဂ္ဂလိကလုပ်ငန်းရှင်ကို အထူးတလည်အခွင့်အရေးတွေပေးရတဲ့အခါ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ နိုင်ငံတော်ကို ပေးသွင်းရမည့် အခကြေးငွေများကို မှန်မှန်မပေးသွင်းနိုင်တဲ့အခါ၊ အစိုးရကိုယ်တိုင်ကလည်း ရရန်ငွေများရရှိရေးအတွက် တိတိကျကျ ကြပ်မတ်ဆောင်ရွက်ခြင်းမရှိတဲ့အခါ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  […]

Read more of this post