မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အောင်ဒင် - အပိုင်း (၇၈) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (င) #အခွန်စည်းကြပ်မှုအားနည်း၍ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများ မြန်မာနိုင်ငံမှာ အခွန်အကောက်များ စည်းကြပ် ကောက်ခံဖို့ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက အခွန်စည်းကြပ်ကောက်ခံမှုအားနည်းတဲ့အခါ (သို့မဟုတ်) အခွန်စည်းကြပ်သူနဲ့ အခွန်ပေးဆောင်ရန်တာဝန်ရှိသူအကြား နားလည်မှုတွေ တည်ဆောက်ကြတဲ့အခါ နိုင်ငံတော်အတွက် အခွန်အကောက်လျော့နည်းရရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးရပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့  အားနည်းချက်များကို အောက်ပါအတိုင်း ဝေဘန်ထောက်ပြပါတယ်။ စဉ် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ အားနည်းချက် ၁ ပြည်တွင်းအခွန်များဦးစီးဋ္ဌာန (ရန်ကုန်တိုင်းဒေသကြီး) သည် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လတွင် […]

Read more of this post