မောင်စိုးချိန် - ပြည်တွင်းစစ်ရပ်ပစ် -- ငြိမ်းချမ်းရေးပေး စက်တင်ဘာ ၃၀၊ ၂၀၁၄ (၂၀၁၄ စက်တင်္ဘာ စစ်ရပ်စဲရေး ငြိမ်းချမ်းရေး ပြည်တွင်း လူထုလှုပ်ရှားမှုသို့ ဂုဏ်ပြုကဗျာ) ပြည်တွင်းစစ် စစ်ရဲ့သားကောင် စစ်ရဲ့ ဓားစာခံ စစ်ရဲ့ကျေးကျွန် လုံးဝမဖြစ်လို ဖြစ်ခဲ့ရ စစ်ရဲ့အနိဋ္ဌာရုံ မကြုံလိုဘူး ကြုံခဲ့ရ ခါးစီး ခံကြရ လူထုဘဝပဲ။ စစ်ပါးစပ်ထဲ စစ်သွားမေးရိုး ကြိတ်ချေ သေကြေ ပျက်စီး ဆုံးရှုံး လူညွှန့်တုံးနစ်နာခဲ့ လူထုတွေပဲ။ အုပ်စိုးသူ မိစ္ဆာက ပြည်တွင်းစစ်နဲ့ လက်ထပ်ပေးခဲ့ အဓမ္မထိမ်းမြားခံခဲ့ရ လူမျိုးစုံ ပြည်သူလူထုပဲ။ ဘယ်မှာလဲ ငြိမ်းချမ်းလှပ ချိုမြ ချိုးကူသံ စစ်အော်သံ သေနတ်သံပဲ တရံမလပ် ခြောက်ဆယ့်ခြောက်နှစ် ပြည်တွင်းစစ် လည်မျို ညှစ်သတ်နေခဲ့။ မြေတလက်မ […]

Read more of this post