မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အောင်ဒင် -အပိုင်း (၇၉) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (စ) #ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ကန့်ကွက်ချက်အပေါ် ဝန်ကြီးဋ္ဌာနများ၏ တုန့်ပြန်မှု ပြည်ထောင်စုစာရင်းစစ်ချုပ်က သူ့ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်ဘဏ္ဍာငွေကို ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာပဲ သုံးစွဲနေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးနေတာ၊ နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်နေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နေတာတွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများထံ ကန့်ကွက်ချက်တွေပေးပို့ပါတယ်။ စာရင်းစစ်ချုပ်ရဲ့ ကန့်ကွက်ချက်များအပေါ် ဝန်ကြီးဋ္ဌာနများရဲ့ တုန့်ပြန်မှုက အားနည်းလှပါတယ်။ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်ချက်တွေမှာ များသောအားဖြင့် "ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်"။ "ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်"။ "ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ပါသည်"။ "ညွှန်ကြားချက်ပေးပို့ဆောင်ရွက်မည်ဖြစ်ပါသည်။" စတာတွေပဲ ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါ။ […]
Read more of this post
No comments:
Post a Comment