ဇင်လင်း - ငြိမ်းချမ်းရေးခရီး…မိုင်ထောင်ချီ လှမ်းရဦးမှာလား စက်တင်ဘာ ၃၀၊ ၂၀၁၄ စက်တင်ဘာ ၂၁ ရက်ဟာ "အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့" ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူလူထုအဖို့နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့အလျှောက် ငြိမ်းချမ်းရေး ဆာလောင်မွတ်သိပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးနေ့    မှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ရာနဲ့ချီတဲ့ ပြည်သူလူထုဟာ ရန်ကုန်မြို့အနှံ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြတာ သတင်းမီဒီယာတွေမှာ တွေ့ရပါတယ်။ ရန်ကုန်မှာတင်မက မန္တလေး၊ မော်လမြိုင်၊ ပုသိန် နဲ့စစ်တွေမြို့တွေမှာလည်း  ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့အကြောင်း သတင်းဂျာနယ်တွေက ဖေါ်ပြကြပါတယ်။ နောက်တနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက်မှာ အစိုးရနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ (၆) ကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးပွဲကို […]

Read more of this post