ဟန်သစ်နိုင် - ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်(ဝါးခယ်မ) နောက်ဆုံးခရီး  စက်တင်ဘာ ၃၀၊ ၂၀၁၄ မြန်မာပြည်၏ နိုင်ငံရေးလှုပ်ရှားမှု ခေတ်အဆက်ဆက်တွင် တက်ကြွစွာဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်မှုပေးခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင် (၀ါးခယ်မ) သည် စက်တင်ဘာ ၂၇ နေ့က ည ၁၁နာရီကျော် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ စက်တင်ဘာ ၂၉ တွင် ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ညနေ ၅နာရီခန့်က မီးသဂြိုဟ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် မိတ်ဆွေအပေါင်းအသင်းများ စုံလင်စွာလာရောက်ခဲ့သည်။   သခင်သိန်းမောင်ကို ၁၉၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင်မွေးဖွားခဲ့ပြီး အဘဦးမောင်နှင့် အမိဒေါ်မိကလေးတို့မှ ဝါးခယ်မမြို့တွင်မွေးဖွားခဲ့ပြီး ဝါးခယ်မအမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၃၀၀ပြည့်အရေးတော်ပုံတွင် ရှေ့တန်းကပါဝင်ခဲ့ပြီး ၁၉၃၈ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့ အတွင်းဝန်ရုံးကိုဝိုင်းစဉ်က ဦးကြည်မောင်၊ […]

Read more of this post