ဆောင်းလူ - ဖျားနာနေသော ညများ (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၄ ဖျားနာနေသည်မှာ ကြာပြီ ..။ တိတိကျပင်ဆိုရပါမူ ... ဖျားနာနေသောကာလသည် နှစ် ၃၀ အစွန်းထွက်တိုင် ရှိလှပြီ။ လျှောက်လျက်မိသားဖြစ်နေသည် ခရီးရှည်တလျှောက် ကျကျန်ရစ်ခဲ့နိုင်သည့် ဖျားနာခြင်းတို့သည် တသမတ်တည်းမရှိ။ အရိုးဆွေးအောင် လှနိုင်လွန်းလှသောညတွင် ခုတလော၏ ဖျားနာမှုတို့သည် ပို၍ ပို၍ သည်းလာသည်ဟု ထင်မိသည်။ မလှမ်းမကမ်း၏ ညဥ့်ပျော်တို့ဆီမှ ... ကလူ၏သို့ မြူ၏သို့နှင့် .. နီယွန်းမီးရောင် ဖျာထိုးဆင်းနေသည့် ဖလက်ဖောင်းသည် ညအား ဖျားနာချင်အောင် ဆွဲ ဆောင် လွန်းလှသည်။ ထို့အတူ ... ဘယ်ညာတဖက်တချက် အနားပိတ် အကျဉ်းချထားသည့် လူကူးမျဉ်းကြားတို့သည် ... လူတိုင်း၏ ဒဏ်ကို ကျောကော့အောင် […]
Read more of this post
No comments:
Post a Comment