Photo - Aung Htet ဖိုးထက် - သေသွားတဲ့ ပင်စင်လစာ (မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၁၄ လ္ဘက်ရည်တစ်ခွက် သုံးရာကျပ်၊ ခပ်ချာချာ ထမင်းတစ်ပွဲ ခုနှစ်ရာကျပ်၊ အငှားကား ဟိုနား ဒီနား ငှားလျှင် နှစ်ထောင်ကျပ် ခေတ်ကြီးမှာ မြန်မာငွေ နှစ်သောင်း ခုနှစ်ထောင်ဆိုတာ "အဟမ်း" ဆိုတာနဲ့ ပျောက်ပြီ။ ဘယ်နား သွားရှာရမှန်းမသိ။ မလှုပ်လိုက်နှင့်။ အပြင်ထွက်တာနဲ့တင် ငွေသုံးထောင်ကျပ်ခန့် အနည်းဆုံး ကုန်ရသော ခေတ်ကြီးမှာ အနှီ ပင်စင်လစာ နှစ်သောင်းခုနှစ်ထောင်ကျပ်သည် အဘယ်မှာ အားကိုး အားထား လက်ကိုင်ပြုစရာ ဖြစ်ပါမည်နည်း။ သို့သော် ပင်စင်စား အဘိုး၊ အဘွား၊ ဘကြီး၊ ဒေါ်ကြီးများက အဆိုပါ ငွေကြေးလေးကို မက်ပါသည်။ […]
Read more of this post
No comments:
Post a Comment