Design - Aung Htet   တူမောင်ညို - ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ (မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၄ ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့ အဖြစ်က "ကြိုပွိုင့်"တွေ အချီကြီးပေးမိတဲ့ "လေပတ်ကား" ပဲပွဲစားတွေနဲ့သွား တူနေပါတယ်။ "အချက်(၁၀၄)ချက်နဲ့ စပြီးညှိခဲ့ကြပြီး မူကြမ်းအချက် (၅) ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီး သတ်လက်မှတ်ရေးထိုးနိုင်ကြလိမ့်မယ်"ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာ ကျေပျက်သွားပြီဖြစ်ပါတယ်။ ဦးစံလင်းတို့အုပ်စု "ဓမ္မစေတီ ခေါင်းလောင်း" ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း "အပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတဲ့ ခေါင်းလောင်း" ဆယ်လို့မရခဲ့ပါဘူး။ ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ်မရခဲ့သလဲ။ တစ်ခွန်းထဲပြောရရင် ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကို မကျင့်သုံးခဲ့ကြတဲ့ […]

Read more of this post