Cartoon Saw Ngo ထင်အောင် - အဘလို့ အခေါ်ခံချင်နေသော လူတန်းစားများ (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၄ မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်မင်းတရားကြီးများ အုပ်ချုပ်မင်းလုပ်နေကတည်းက မင်းမှုတော်ထမ်းရာထူးအဆင့်ဆင့် ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ဘုရင်ကလဲ သူ့ကို အရှင်ဘုရားမင်းတရားကြီးဘုရား လို့  သုံးမှ သဘောကျ တော်မူပါတယ်။ မိဖုရားကြီးကလဲ မိဖုရားခေါင်ကြီး အလယ်နန်းမတော်မကြီး ခေါ်မှ ရွှေဘောတော်ကျပါတယ်။ သူရဲ့ ရာထူးအဆင့်ကိုဖေါ်ပြပြီး ခေါ်ဆိုတာက အစဉ်အလာဖြစ်ပါတယ်။ အိမ်ရှေ့ မင်းကိုလဲ အိမ်ရှေ့ ဥပရာဇာ ကိုယ်တော်လေးလို့ ခေါ်မှသာ စိတ်တော်ကြည်လင်ပါတယ်။ မှူးမတ်ရာဇာတွေကလဲ သူတို့ ရဲ့ ရာထူးအလိုက် ခေါ်မှမျက်နှာတော် ရွှင်လန်းကြတာပါ။ ဝန်ရှင်တော်မင်းကြီး လှေသင်းအတွင်းဝန် စသဖြင့်ပေါ့ဗျာ။ သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှမျက်နှာဖြူတွေအုပ်စိုးတော့လဲ မဟာဝန်ရှင်တော်မင်းကြီး၊ နောင်တော့ တိုင်းမင်းကြီးကို […]
Read more of this post
No comments:
Post a Comment