အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၇) နိုဝင်ဘာ ၇၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၃၃) ကားလေးက အဝေးပြေးလမ်းမပေါ်တွင် ငြိမ့်ခနဲ ငြိမ့်ခနဲ ပြေးနေသည်။ ကိုစိုးစိုးမောင်ကလည်း ဒိန်းမတ်အတွေ့အကြုံများကို ရှင်းပြသည်။ ကိုစိုးစိုးမောင်တို့ မိသားစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မိမိကဲ့သို့ ဗုဒ္ဓဘာသာသံဃာတပါးကို တရိုတသေ တလေးတစား ပြောဆိုဆက်ဆံသည်။ ဗုဒ္ဓဘာသာမိသားစုများနှင့်လည်း တရင်းတနှီး ရှိလှသည်။ ကားလေးက ရွှေညဝါဆရာတော်တို့ရှိရာ အောလ်ဘော့မြို့နားက မြို့ငယ်တခုသို့ သွားနေခြင်း ဖြစ်သည်။ "ဒကာကြီး အခု ဘာအလုပ်လုပ်သလဲ"။ "တပည့်တော် အလုပ်နားထားတယ်ဘုရား"။ "အော် ဟုတ်လား၊ ဒါဆို အလုပ်မလုပ်ဘဲ ဘယ်လို ရပ်တည်သလဲဗျ"။ "ဒီနိုင်ငံမှာ ၁ […]

Read more of this post