ဟန်သစ်နိုင် - KNU ၀ယ်ယူထားသော လယ်မြေများကို စည်ပင်က ၀င်ရောက်ဖျက်သိမ်း (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄ KNU ဝယ်ယူထားသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ၄၈ရပ်ကွက်အတွင်း မြေများကို စည်ပင်သာယာမှ အင်အားသုံးဖျက်ဆီးခြင်းအကြောင်းကို KNU အဖွဲ့အစည်းက နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရှင်းလင်းပွဲတခုပြုလုပ်ခဲ့သည်။ ယခင်လှည်းကူးမြို့နယ်၊ တိုးချောင်ကြီးကျေးရွာပိုင် ထိန်ပင်ရိုးကွင်းမှ လယ်မြေများကို ၁၉၉၃ခုနှစ်တွင် အိုးအိမ်ဦးစီးဌာမှ (U.9) အဆင့်မြင့်မြေကွက်များဖော်ထုတ်ရန်အတွက်သိမ်းဆည်းခဲ့သည်။ ၄င်းသိမ်းဆည်းခဲ့သောမြေများမှ အဆောက်အဦးမဆောက်ဖြစ်သော မြေများကျန်ရှိနေသည်။ ကျန်ရှိသောမြေ ၄.၁၇ဧကကို မူလပိုင်ရှင်ဦးဘိုကေ၏ သား ဦးအုန်းလှိုင်ထံမှလယ်ယာမြေနှင့်ပက်သတ်သည့် ပြေစာများကို စာချုပ်ပြီး KNU/KNLA က သိန်းပေါင်း (၂၈၀၀)ဖြင့် ၂၀၁၄ခုနှစ် ၅လပိုင်းမှဝယ်ယူခဲ့သည်။ မူလကတည်းက ထိုမြေများပေါ်တွင် နှစ်ပေါင်း ၂၀ကျော် ကျူးကျော်ဝင်ရောက်နေသော နေအိမ်များ ၅၈လုံးရှိနေခဲ့သည်။ […]
Read more of this post
No comments:
Post a Comment